16

3K 88 8
                                    

Part - 16
•••••••••••

ကလေးကိစ္စ စကားများပြီးသည့်နောက်မှာ မောင်သည် ဆန္ဒပြသည့်အနေဖြင့် ရွှေမှုန့်အပေါ်သိသိသာသာ အပြောအဆိုနည်းလာတော့သည်။
ရွှေမှုန်ကိုယ်တိုင်လည်း မောင့်အပေါ်စိတ်ဆိုးမိတာမို့ အပြောအဆိုနည်းသွားခြင်းအပေါ် ဘယ်လိုမှမခံစားရဘဲ မောင် ကော့ကရိတ်ကိုဆင်းတော့မည်ဆိုတော့ အံ့ဩသွားမိသည်။

မောင့်အလုပ်ဟာ ဒီနေရာမှာအခြေတကျရှိနေပြီးသားမို့ ကော့ကရိတ်မှာ ဘာလုပ်မလဲဟု စဥ်းစားမရ။
ဖွင့်ထုတ်မေးကြည့်ပြန်တော့ တရုတ်သူဌေးတစ်ယောက်နှင့် စပ်တူလုပ်သည်ဟုဆိုကာ ထိုအလုပ်ကိစ္စအကြောင်းကိုတော့ မပြောပြ။

"ကော့ကရိတ်အထိ အကြာကြီးသွားနေမှာ စိတ်မချပါဘူး"

"ဘယ်လောက်မှမကြာဘူး ရွှေမှုန် ၄လပိုင်းကိုပြန်ရောက်မှာ"

ပြန်တွက်ကြည့်သည့်အခါ ယခုလသည်Octoberလမို့ စုစုပေါင်း၆လသာ ကြာမြင့်မည့်ခရီးဖြစ်သည်။
သို့သော် ရွှေမှုန်ဟာ မောင့်ကိုစိတ်မချသလို အယုံအကြည်လည်းမရှိတာမို့ သဘောမတူ။

"ရွှေမှုန်ကလည်း စကားပုံတောင်ရှိတယ်လေ တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့ ကိုယ့်ယောကျာ်းက စီးပွားထွက်ရှာနေတာကို ဘာလို့ပိတ်ပင်နေမှာလဲ"

အခုနောက်ပိုင်း သိပ်အစေးမကပ်တော့သည့် ယောက္ခမဖြစ်သူက ထိုသို့ပြောလာသည့်အခါ ရွှေမှုန့်အတွက် ငြင်းရခက်သွားသည်။
ရွှေမှုန့်ယောက္ခမသည် မောင့်တစ်ဝမ်းကွဲညီမ ကိစ္စနှင့်ပတ်သက်ပြီး ရွှေမှုန့်ကိုအမြင်မကြည်နေတာကြာပြီဖြစ်ကာ ခပ်တန်းတန်းဖြစ်ခဲ့သည်မှာလည်း ထိုအချိန်ကတည်းကဖြစ်သည်။
မောင်ဟာ သူ့အိမ်မှာရွှေမင်းသားမို့ ဒီလူကိုလူသိရှင်ကြားထိပါးမိသည့် ရွှေမှုန်ကသာ အသံတိတ်ရာဇဝတ်သားဖြစ်သည်။

"မောင် ရွှေမှုန်က ကိုယ်ဝန်ဆောင်မပေးလို့ စိတ်ဆိုးပြီးသွားတာတော့ မဟုတ်ဘူးမလား"

မောင်က ခေါင်းခါပြပေမယ့် ခွန်းတုံ့မပြန်တာမို့ ကော့ကရိတ်သွားရသည့်အကြောင်းရင်းဟာ ဤအကြောင်းအရာသာဖြစ်လောက်သည်။
ရွှေမှုန့်အတွက်တော့ ထွက်လမ်းအားလုံးပိတ်သွားခဲ့ပြီမို့ မောင့်ခရီးအပေါ်ဘာမှမပြောသာတော့ဘဲ မောင်မဖောက်ပြန်ပါစေနဲ့ဟုသာ ကြိတ်ဆုတောင်းရုံသာ ရှိတော့သည်။

🚨 Silent Criminals 🚨Where stories live. Discover now