5

2.8K 87 8
                                    

Part - 5
•••••••••••

"ဒီလိုဆို မနက်ဖြန်စဆင်းပါ"

"ဟုတ်ကဲ့"

ရှင်မင်းဆံပင်တွေသပ်တင်ရင်း ဆိုင်လေးကိုတစ်ချက်မော့ကြည့်မိကာ သက်ပြင်းလေးချလိုက်မိသည်။
Accountantတစ်ယောက်ဖြစ်ဖို့ အများကြီးကြိုးစားခဲ့ပေမယ့် အလုပ်ထွက်ခဲ့ရသည့်အခါ တခြားအလုပ်ဆိုတာကလည်း အလွယ်တကူမရ။
ရသည့်အလုပ်ကျတော့လည်း Waitressတဲ့…

အလုပ်ထုတ်လိုက်သည့်အတွက် လျော်ကြေး၆လစာကိုလည်း အမေ့အတွက် ရှေ့နေငှားလိုက်ပြီး ကျန်သည့်ငွေကိုတော့ နေပြန်တိုးနှင့်လတိုးတွေဆပ်လိုက်သည်။
ဦးသန်းမြင့်က ရှင်မင်းအပေါ်အားနာနေဟန်ရှိကာ လုပ်သက်၄နှစ်နှင့်အထက်ရှိထားသူမို့ လျော်ကြေးငွေက ၆လစာအဖြစ် ၂၄သိန်း…

"ဘာဖြစ်လို့လဲ သူဌေး"

"ဒီအတိုင်းပဲ မင်းကို လျော်ကြေးငွေပေးတဲ့သဘောပါ အလုပ်သမားဥပဒေအရပေါ့"

"ဒါကို ကျွန်မမသိချင်ဘူး ကျွန်မကိုဘာလို့အလုပ်ကထုတ်တာလဲ ကျွန်မ စာရင်းတွေမမှားဘူး စာရင်းတွေကို တာဝန်ယူနိုင်တယ် ဒါကိုဘာလို့.."

"အဆင်မပြေတာတစ်ခုရှိလို့ပါ မင်းမှာ ငွေကြေးခက်ခဲနေတယ်လို့ကြားတယ် ဒါနဲ့ဖြေရှင်းလိုက်ပါ ဒီနေ့ကစပြီးဆင်းစရာမလိုတော့ဘူး ပစ္စည်းတွေသိမ်းပြီးရင် ပြန်တော့"

ဆိုပြီး ယတိပြတ်လှည့်ထွက်သွားခဲ့၍ ရှင်မင်းဝမ်းနည်းသွားသလို ထိုင်ခုံမှာပဲထိုင်ချလိုက်မိသည်။
Accountခန်းရှိ လူတွေကိုလည်း ရင်မဆိုင်ရဲတော့ဘဲ ပစ္စည်းတွေသိမ်းပြီး ပြန်ထွက်လာတော့လည်း ဆရာမင်းထင်က စိတ်ရှိလက်ရှိအော်ငေါက်နေ၍ ထပ်ဝမ်းနည်းရပြန်သည်။

ထိုနေ့က ဆွေးချင်စရာကောင်းအောင် မိုးလေးစွေနေ၍ နည်းနည်းများတိတ်သွားမလားဟု စောင့်နေမိတုန်း ရှေ့ဘယ်လိုဆက်ရမလဲဆိုသည့် အတွေးတွေဖြင့် မောဟိုက်လာမိသည်အထိ။
ထိုအချိန်မှာ သန့်ရှင်းရေးကောင်မလေးတွေပြောသံ သဲ့သဲ့ကြားလိုက်ရသည်။

"ဆရာမင်းထင်နဲ့ သွားရှုပ်လို့ပေါ့ အဲ့ဒါဆို"

"အေးဆို ဆရာမင်းထင်ရဲ့မိန်းမလားမသိဘူး Surfအနက်လေးနဲ့လာတာလေ သူဌေးကိုတိုက်ရိုက်ဝင်တွေ့တာ"

🚨 Silent Criminals 🚨Where stories live. Discover now