Part - 19
•••••••••••အရှုံးတွေထပ်နေခဲ့သည့်နေ့ရက်တွေဟာ ဆက်တိုက်ဖြစ်နေခဲ့ကာ ဒီပူလောင်မှုဟာ ဘာနဲ့မှထိန်းချုပ်လို့မရ။
ပထမ ယောကျာ်းဖောက်ပြန်နေမှန်း သိလိုက်ရသည်။
ဒုတိယ ဖောက်ပြန်နေသည့်လူဟာ တစ်ယောက်တောင်မဟုတ်ဘဲ နှစ်ယောက်ဖြစ်မှန်း သိလိုက်ရသည်။
ကွာရှင်းပြတ်စဲဖို့ စိတ်ဆုံးဖြတ်ပြီးမှ တတိယထိုးနှက်မှုအနေဖြင့် ကိုယ်ဝန်ရှိနေမှန်းသိလိုက်ရကာ ရွှေမှုန့်အဖြစ်သည် ထွေးမရ၊ အန်မရ။"သမီးရယ် စိတ်လိုက်မာန်ပါ မဆုံးဖြတ်ပါနဲ့လား အခုဆို သူ့သွေးသားလည်းရှိနေပြီပဲ ဒါကိုအကြောင်းပြပြီး မောင်မင်းထင်လည်း လိမ္မာလာမှာပါ"
အမေ ဆုံးမတော့ ရွှေမှုန်ခေါင်းမညိတ်မိသလို ကိုယ့်ဗိုက်ကိုငုံ့ကြည့်ရင်း ရင်ထဲဘာကြောင့်ခါးသီးနေမိသလဲမသိ။
မောင့်ကိုမုန်းတီးခြင်း၊ နာကြည်းခြင်းတွေဖြင့် မျက်နှာမမြင်ချင်တော့ပေမယ့် သူ့သွေးသားဟာ ရွှေမှုန့်ဆီမှာ ရှိနေခဲ့ပြီ။
မောင့်ကိုမုန်းသော်ငြား ဤကိုယ်ဝန်ကိုတော့ မဖျက်ပစ်ဖို့ စိတ်ကူးပေမယ့် မောင်က ဤကိုယ်ဝန်ကိုအကြောင်းပြုပြီး ရွှေမှုန်နဲ့ရှေ့ဆက်ဖို့ကြိုးစားနိုင်သည်။"မပေါင်းဘူး အမေ ခွေးမြီးကောက်ကို ကျည်ထောက်စွပ်ပေးလည်း ဘယ်လောက်ခံမှာမို့လဲ သမီးနောက်ထပ် သစ္စာဖောက်မခံချင်ဘူး"
"ကလေးရှိနေပြီပဲကွယ်"
"အဲ့ဒါဆို ပိုတောင်ကွာသင့်သေးတယ် နောက်မီးလင်း မယားငယ်နေတဲ့ယောကျာ်းကို အဖေတော်စရာမလိုတော့ဘူးပေါ့"
"သမီးရယ်"
"သမီးကို ညည်းတွားသလိုမခေါ်စမ်းပါနဲ့ အမေ ဘာပဲရှိနေနေ ဘာပဲဖြစ်နေနေ မပေါင်းနိုင်ဘူး"
ရွှေမှုန် အပြတ်သားဆုံးငြင်းပစ်လိုက်ကာ မောင်ကွာရှင်းမပေးရင်ဆိုသည့်အတွေး ဝင်လာတော့ နှုတ်ခမ်းကိုမဲ့ပစ်လိုက်မိသည်။
လောလောဆယ်တော့ ကိုယ်ဝန်ကိစ္စသည် ရွှေမှုန်ရယ်၊ အမေရယ် ယမင်းရယ်သာသိကြသေးသလို ထုတ်ပြောလို့မဖြစ်သေး။မောင်ဟာ ရွှေမှုန့်ကလေးရဲ့အဖေ ဖြစ်သော်ငြား အဖြစ်မခံနိုင်။
သူ့ရဲ့မိုက်ပြစ်တွေ၊ ဆိုးပြစ်တွေဟာ ကလေးအပေါ်အရိပ်မဲ မထင်စေရဆိုသည့် ဆုံးဖြတ်ချက်ချလိုက်သည့်အခါ ဘာလုပ်ရမလဲ အလိုလိုသိသွားသလိုပင်။
YOU ARE READING
🚨 Silent Criminals 🚨
Non-FictionPG-13 စာရွက်တွေပေါ်မှာ ချရေးမထားပေမယ့် လူတွေ လိုက်နာရမယ့်ကျင့်ဝတ်ဆိုတာရှိတယ် ဒီလိုချရေးမထားလို့ ဥပဒေမမြောက်ဘူးဆိုပေမယ့် နင့်ကိုယ်ကျင့်တရားဟာ လောကရဲ့ရာဇဝတ်သင့်သွားပြီ အဲ့ဒီရာဇဝတ်မှုကို တိတ်တဆိတ်ကျူးလွန်နေတဲ့ နင်တို့.. နင်တို့တွေကသာ အသံတိတ်ရာဇဝတ်သားတွ...