2

3.5K 86 5
                                    

Part - 2

•••••••••••

မနက်စာအတွက် ထမင်းကြော်အပြီး ကော်ဖီဖျော်ရင်းနာရီကိုကြည့်မိတော့ ၇နာရီထိုးတော့မှာမို့ အခုထိမထသေးသောမောင့်ကို သတိရသွားသည်။

သွားနှိုးဖို့စိတ်က အလိုလိုဖြစ်ကာ ကော်ဖီခွက်ကို စားပွဲပေါ်တင်လိုက်ပြီး အိပ်ခန်းကိုဦးတည်တော့ မျက်နှာသစ်ပြီးထွက်လာသော မောင်...

"ရွှေမှုန် အခုပဲလာနှိုးတော့မလို့"

"အင်း ရပြီ မနက်ဖြန် မောင်အလုပ်နားတယ်နော် ဘယ်သွားချင်လဲ ဘာလုပ်ချင်လဲ တစ်ခါတည်းတွေးထား"

"တကယ်လား"

ရွှေမှုန်ပျော်သွားမိကာ မောင်နဲ့အတူ YGWကိုမသွားရတာကြာပြီမို့ ထိုနေရာကိုပဲသွားဖို့စိတ်ကူးလိုက်သည်။

ရွှေမှုန်ဟာ မောင်နဲ့လက်မထပ်ခင်ကတည်းက ပရဟိတတွေမှာလိုက်ပါကူညီရင်း အိမ်ထောင်သည်ဖြစ်လာတော့မှ နည်းနည်းလျှော့ထားရခြင်းဖြစ်သည်။

ဒီအကြောင်းတွေပြန်တွေးဖြစ်တော့ မောင်နဲ့ပထမဆုံးတွေ့ခဲ့ချိန်ကို ပြန်သတိရလိုက်သည်။

ထိုနေ့က ရွှေမှုန်တို့သူငယ်ချင်းတစ်စု ဘုရားမှာ ရေအိုးတွေဆေး၊ ပန်းတွေလဲရင်း ကုသိုလ်ယူဖြစ်ကြကာ မောင်က ရွှေမှုန့်ကို ပထမဆုံးတွေ့ခဲ့သည်တဲ့လေ။

ထိုအချိန်က သူဟာ မနူးမနပ်ကလေးလေးမို့ ရွှေမှုန် အပြတ်ငြင်းခဲ့ပေမယ့် အလျှော့မပေးခဲ့သူ။

"မင်းက ငါ့ထက် အသက်အများကြီးငယ်တယ်ကောင်လေး ဘွဲ့ရမှပြန်လာခဲ့"

"ကျွန်တော် ဘွဲ့မလိုချင်ဘူး မမကောင်လေးပဲဖြစ်ချင်တယ်"

"ဟယ်!! ရူးနေတာလားမသိပါဘူး"

"ဟုတ်တယ် ရူးနေတာ အချစ်ရူးလေ"

ဟု ဇွဲမလျှေ့စတမ်း ရွှေမှုန့်နောက် တကောက်ကောက်လိုက်နေခဲ့တာ ၂နှစ်နီးပါးလောက်ရှိသည်။

ထိုအချိန်က ရွှေမှုန်ဟာ အပျိုကြီးလုပ်ဖို့ကိုသာဆုံးဖြတ်ထား၍ မောင်ကပ်တွယ်နေသည်ကို လက်မခံချင်။

မောင်ကလည်း အလျှော့မပေးတာမို့ ၂နှစ်လောက်အကြာမှာတော့ အပျိုကြီးလုပ်ချင်သော ရွှေမှုန်ကြဲမှာ ဈာန်လျှောခဲ့ရတော့သည်။

🚨 Silent Criminals 🚨Where stories live. Discover now