6

2.5K 73 2
                                    

Part - 6
•••••••••••

လွန်ခဲ့သော2နှစ်

"ရွှေမှုန် မောင်ဖုန်းလာလို့ ခဏကွာ"

အဝတ်အစားရွေးနေသည့်ရွှေမှုန့်အနား တိုးတိုးကပ်ပြောကာ ဖုန်းကိုထောင်ပြသောမောင့်ကြောင့် ရွှေမှုန်ခေါင်းညိတ်ပြလိုက်သည်။
ရွှေမှုန်တို့က Oshinကိုရောက်နေပြီး မောင့်အလုပ်နားရက်မှာ အေးအေးလူလူ ဈေးဝယ်ထွက်လာကြခြင်းဖြစ်သည်။
မောင် ဆိုင်အပြင်မှာဖုန်းပြောနေသည်ကို တစ်ချက်လှမ်းကြည့်ကာ ရွှေမှုန်က ရွေးချယ်ထားသောအင်္ကျီတွေကို အရောင်းဝန်ထမ်းလေးဆီလှမ်းပေးလိုက်၏။

"ဝတ်ကြည့်ဦးမလား မမ"

"နေပါစေ ရတယ် ထုတ်ပေးလိုက်တော့နော်"

"ဟုတ်ကဲ့"

အရောင်းစာရေးမလေးက အင်္ကျီတွေကိုယူသွားပြီး Cashierခုံမှာတင်လိုက်တော့ ပိုက်ဆံအိတ်ထုတ်ကာ အဆင်သင့်စောင့်နေလိုက်သည်။
ထိုအချိန် မျက်လုံးထဲဝင်လာသူက ရှင်မင်းညိုဖြစ်ပြီး သူမက မှန်ရှေ့မှာရပ်ရင်း ဂါဝန်တစ်ထည်ကို ကိုယ်မှာကပ်ကြည့်နေ၏။

စောစောကအထိ ကြည်လင်နေသောစိတ်ဟာ ချက်ချင်းနောက်ကျိရှုပ်ထွေးသွားပြီး မောင့်ဆီလှမ်းကြည့်မိပြန်တော့ မောင်က ဖုန်းပြောနေဆဲ။
ထို့ကြောင့် ရွှေမှုန်ကပဲ ရှင်မင်းညိုအနားသွားလိုက်ကာ ထိုမိန်းမကတော့ ရွှေမှုန့်ကိုတွေ့တော့ အံ့ဩသွားပုံပေါ်သည်။
သို့သော် ချက်ချင်းမသိချင်ယောင် ဆောင်ပစ်လိုက်ပုံကတော့ အမြင်ကတ်စရာကောင်း၏။

"ရှင်မင်းညို"

နာမည်ကိုတည့်တည့်ခေါ်လိုက်တော့မှ ရွှေမှုန့်ကို သူမ လှည့်ကြည့်လာကာ ဆံပင်တွေကိုသပ်တင်ရင်း မခိုးမခန့်ကြည့်၏။

"အဝတ်အစားလာဝယ်တာလား"

"ဟုတ်တယ် မရွှေမှုန်ကြဲ"

"နင် အလုပ်ကထွက်သွားတာ အဆင်ပြေရဲ့လား"

"ပြေပါတယ်"

"အခုတစ်ယောက်တည်းလား ဘယ်သူပါလဲ"

"ကျွန်မကောင်လေးပါတယ်"

သူမက ရွှေမှုန့်ကိုမလိုလားဟန်ဖြင့် ဝတ်ကျေတမ်းကျေသာ စကားပြန်ပြောနေရင်း မျက်လုံးကလည်း ရွေးထားသည့်အင်္ကျီတွေဆီမှာ။
ဒါဟာ ရွှေမှုန့်ကိုမကောင်းတတ်လို့ စကားပြန်ပြောနေရဟန်ဖြင့် အရေးမလုပ်လိုသောအမူအယာတွေပြနေခြင်းဖြစ်သည်။
ရွှေမှုန်လည်း ဒင်းကိုကြည့်မရသလို စကားလည်းဆက်မပြောချင်၍ ခေါင်းညိတ်ပြလိုက်ပြီး…

🚨 Silent Criminals 🚨Where stories live. Discover now