18

3.1K 102 6
                                    

Part - 18
•••••••••••

ဒီနေ့လည်း ကိုကိုကအလုပ်ကိုအကြောင်းပြပြီး ရှင်မင်းဆီဖုန်းမဆက်တာမို့ ဖုန်းကို ရှေ့တည့်တည့်မှာချထားရင်း ရန်သူတစ်ယောက်လိုကြည့်နေမိသည်။
မနေ့က ကိုကို့ဆီမှာပဲညအိပ်ခဲ့ကာ မနက်စောစောကမှ ဒီHotelကိုလာပို့ပေးသွား၍ ကိုကို့အိမ်မှာဘယ်သူရှိနေလို့လဲဆိုသည့် အတွေးဖြင့် နေမရ။

မနေနိုင်သည့်အဆုံးမှာ အဝတ်အစားလဲပြီး taxiငှားပြီး ကိုကို့အိမ်ကိုရောက်လာသည့်အခါ တံခါးပွင့်နေ၍ ဒေါသတွေအုံကြွလာ၏။
ကားခရှင်းပေးနေရင်း လက်တွေတုန်နေမိကာ ပိုက်ဆံအိတ်ထဲက မောင်းချဓားလေးကိုတွေ့တော့ လက်က ဓားဆီကို အလိုလိုရောက်သွားသည်။
ရှင်မင်းဟာ ရွှေမှုန်ကြဲလိုတော့ သိသိရက်နဲ့ငုံ့ခံနေမည့်မိန်းမမဟုတ်ချေ။

"ဟိတ် မင်းဘယ်သူလဲ"

အိမ်ထဲကိုရောက်တော့ ပုဆိုးတစ်ထည်သာဝတ်ထားပြီး အင်္ကျီဗလာဖြင့်ယောကျာ်းတစ်ယောက်က သဘက်တစ်ထည်ဖြင့် ခေါင်းသုတ်နေရင်း ရှင်မင်းကို တအံ့တဩမေးလာသည်။
ထိုအခါမှ ရှင်မင်းအားနာသွားမိသလို ဒီအိမ်ဟာ ကိုကိုတစ်ယောက်တည်းနေတာမဟုတ်ဘူးလား ဆိုသည့်အတွေးပါ ဆက်တိုက်ဝင်လာတော့သည်။

"ဟို.. ကိုမင်းထင်.."

"မင်းထင်အလုပ်သွားတယ်လေ မင်းက ဖုန်းလေးဘာလေးဆက်ပြီးမှ လာသင့်တာ"

"ဟုတ် အာ့ဆိုခွင့်ပြုပါဦး"

ရှင်မင်း ကြောက်ကြောက်လန့်လန့်ဖြင့် ချက်ချင်းပြေးထွက်လာခဲ့ပြီး ဘယ်ရောက်လို့ရောက်လာမှန်းလည်းမသိ။
ကိုကိုဟာ သူ့နောက် တကောက်ကောက်လိုက်နေတာမျိုးမကြိုက်မှန်း ရှင်မင်းသိနေကာ ရှင်မင်းလို တိတ်တခိုးရည်းစားကိုလည်း လူသိမခံချင်လောက်။
အခုတော့ ရှင်မင်းကို ကိုကိုနဲ့ပတ်သတ်နေမှန်း တခြားသူစိမ်းတစ်ယောက်သိသွားပြီမို့ ကိုကိုဒေါသဖြစ်မှာ သေချာသည်။

"ရှင်မင်း မင်းကိုငါ ဘာမှာထားလဲ"

ထင်ထားသည့်အတိုင်း ကိုကိုဖုန်းဆက်လာသည့်အခါ မုန်တိုင်းတစ်စင်းလို ခက်ထန်နေကာ မပြောစဖူး ငါဟု ပြောလာတော့ ရှင်မင်းပိုပြီးကြောက်ရွံသွားမိသည်။
ကိုကိုဟုသာ နူးညံ့စွာသုံးနှုန်းတတ်သော ရှင်မင်းရဲ့ချစ်သူမလား…

🚨 Silent Criminals 🚨Where stories live. Discover now