3

2.7K 78 2
                                    

Part - 3
•••••••••••

"မောင် ဖုန်းခဏ"

ထူးထူးဆန်းဆန်း ဖုန်းတောင်းနေသောရွှေမှုန့်ကြောင့် သူ မျက်မှောင်ကုပ်သွားမိပေမယ့် တခြားဘာမှမတွေးဘဲ လှမ်းပေးလိုက်သည်။
ရွှေမှုန်နဲ့ကိုယ့်အကြားမှာ လျှိုထားစရာမရှိသလို ရွှေမှုန်အသိမခံရဲစရာကိစ္စလည်း သူ့မှာမရှိချေ။

ရွှေမှုန်က ဖုန်းယူ၍လိုင်းဖွင့်လိုက်ပုံရကာ Messengerထဲမှ စာဝင်သံတွေက တချွင်ချွင်ဝင်လာတော့၏။
Gp chatကိုမဖျောက်ရသေးကြောင်း သတိရသွားကာ ရွှေမှုန့်ဆီလှမ်းကြည့်မိတော့ ရွှေမှုန်က သူ့ကိုမျက်စောင်းထိုးနေလေသည်။

"မေ့နေလို့ပါ မိန်းမရယ် မင်းပဲဖျောက်လိုက်တော့"

ပြောပြီးသည်နှင့် ရေလဲပုဆိုးကိုယူကာ ရေချိုးခန်းထဲဝင်လာခဲ့ပြီး ဇိမ်ပြေနပြေ ရေချိုးနေလိုက်တော့သည်။
ရွှေမှုန်ဟာ သူနဲ့ပတ်သက်လာတိုင်း ကဲကဲဆတ်တတ်သူမို့ ထူးပြီးစိတ်ဝင်စားမနေတော့ဘဲ အဓိကက ကိုယ်သာ မယိုင်လဲဖို့မလား…
သဝန်တိုတာက မိန်းကလေးဗီဇတစ်ခုသာ…

ရွှေမှုန့်မှာတော့ Gp chatထဲမှာ ရှင်မင်းညိုဟုထင်ရသည့်အကောင့်တွေကို တစ်ခုချင်းလိုက်ကြည့်ရင်း ဘာကိုစိတ်တိုမှန်းမသိ တိုလာခဲ့သည်။
အတော်လေးကြာတော့မှ Shin Min Nyoဆိုသည့်အကောင့်ကိုတွေ့လိုက်ရ၍ သူမသည် Gpထဲမှာတော့ Emojiလေးတွေသာပို့ပေးထားသည်။

ဒီဘက်ခေတ်မှာ Fb accသိထားခြင်းဟာ ထိုလူတစ်ယောက်ရဲ့ ဘဝအစိပ်အပိုင်း ၃ပုံ ၁ပုံ သို့မဟုတ် ၂ပုံလောက်သိထားခြင်းပဲမလား…
သူမဟာ မောင်နဲ့ Friendဖြစ်နေ၏။

✉️  Hi ✉️

ရွှေမှုန်စာပို့လိုက်သည့်အခါ မီးစိမ်းနေသောသူမက ခဏနှင့်စာကိုပြန်ဖတ်၍ 'ဟုတ်'ဟု ပြန်ပို့လာတော့ ရွှေမှုန့်သံသယတွေဟာ ပိုပြီးခိုင်မာသွား၏။
ပုံမှန်ဆို ဒီလောက်ထိမြန်စရာ အကြောင်းမှမရှိဘဲလေ…

✉️ ဒီအကောင့်နဲ့ မအပ်နဲ့ တခြားအကောင့်နဲ့အပ်လိုက်မယ် လက်ခံလိုက် ✉️

✉️ ဟုတ် ✉️

ချက်ချင်းလိုလိုဝင်လာသည့် 'ဟုတ်'ကြောင့် ကြိတ်ဒေါသဖြစ်သွားမိရင်း သူမကို မောင့်အကောင့်မှ Unfriendလုပ်ပစ်လိုက်သည်။
ထို့နောက် ရွှေမှုန့်ဖုန်းကိုထုတ်ကာ ရွှေမှုန့်အကောင့်မှ သူမကိုလှမ်းAddတော့ သူမက ချက်ချင်းလက်ခံ၏။

🚨 Silent Criminals 🚨Where stories live. Discover now