Extra

11.7K 227 26
                                        

Extra
••••••••

အလုပ်ရှုပ်နေတုန်း ဖုန်းဝင်လာသောကြောင့် စိတ်မပါလက်မပါလှမ်းကြည့်လိုက်မိသည်။
သူ ချစ်သောမိန်းမနှစ်ယောက်က ကြောင်ရိုင်းမတွေဖြစ်ကာ လက်သည်းကိုယ်စီဝှက်ပြီး ထိထိမိမိကုတ်ဖဲ့ပစ်ခဲ့ကြ၍ နလန်မထူနိုင်အောင် နာကျင်နေမိ၏။
၅လနီးပါးရှိခဲ့သည့်တိုင် ထိုဖြစ်ရပ်တွေက ထပ်တလဲလဲရစ်ထားသော မြင်ကွင်းတစ်ခုလို အာရုံမှာပြတ်သားနေဆဲ။

"ဟဲလို"

"နေကောင်းရဲ့လား မတော်လိုက်ရတဲ့ယောကျာ်း"

"ရှင်မင်းညို"

"Aww မှတ်မိသေးသားပဲ ရှင့်အသံကြားချင်လို့ ဖုန်းဆက်လိုက်တာ နာကျင်မှုတွေပါနေတဲ့အသံကိုကြားရတာ ပျော်နေတယ်ဆို အသည်းစားဘီလူးမကြီးများ ဖြစ်နေမလားမသိဘူး အဟွန်း"

သူချစ်သော သွက်သွက်လက်လက် လေသံလေးကလည်း သူ့အပေါ်ထိုးနှက်လိုသည့် အချွန်ထက်ဆုံး လက်နက်ကြီးတစ်ခုလို ပြောင်းလဲသွားပြီဖြစ်သည်။

"ဘာကိစ်စလဲ"

"ရွှေမှုန်ကြဲမှာ ကိုယ်ဝန်ရှိနေတယ်"

"ဘာ!!"

"၇လလို့ကြားတာပဲ အဟွန်း.. သူ့မိသားစုနဲ့ ဘာအကြောင်းရှိရှိ လာမပတ်သက်ဖို့ လက်မှတ်ထိုးခိုင်းကတည်းက ထင်တော့ထင်သား"

ရင်ထဲစူးအောင့်သွားမိသလို ခနဲ့သလို ရွဲ့သလိုပြောနေသော ရှင်မင်းစကားတွေကိုလည်း နားထဲမဝင်တော့…
ကလေး...
ကိုယ် အလိုချင်ခဲ့ရဆုံးအရာလေး…
ရွှေမှုန် တကယ်ပဲ ဒီလိုလုပ်ရက်သွားတာလား…
ကလေးရှိကြောင်းကိုတောင် မပြောဘဲနဲ့ သူ့ကို

သူ ရှင်မင်းရဲ့ဖုန်းကိုချပစ်ကာ ရွှေမှုန့်ဆီဖုန်းခေါ်တော့ ရွှေမှုန့်ဖုန်းကခေါ်မရ။
Blacklistထဲထည့်ထားဟန်ဖြင့် ဘယ်လိုမှဆက်သွယ်လို့မရ။

"ရွှေမှုန်ရယ် ဖုန်းကိုင်ပါကွာ ဒီလိုမရက်စက်ပါနဲ့"

စိတ်က ဘာကိုမှအာရုံမစိုက်နိုင်တော့ဘဲ ရုံးထဲကတခြားလူတစ်ယောက်၏ ဖုန်းကိုငှားလိုက်ကာ ခေါ်တော့မှ ဖုန်းကဝင်၏။
ဒီဖုန်းကိုတော့ ချက်ချင်းကိုင်ကာ ရွှေမှုန်၏ ဟဲလိုဆိုသောအသံလေးကြားလိုက်ရသည်နှင့် ပျော်သွားမိသည်။

🚨 Silent Criminals 🚨Tempat cerita menjadi hidup. Temukan sekarang