11

2.7K 68 7
                                    

Part - 11
•••••••••••

မောင့်အသွားအလာကို စောင့်ကြည့်နေခဲ့၍ အိမ်အလုပ်လုပ်တွေ မလုပ်နိုင်တာကြာပြီဖြစ်ကာ ရွှေမှုန်သည် ဘုရားသွားကျောင်းတက်တောင် မလုပ်နိုင်ခဲ့။
မောင်လည်း ခြေငြိမ်နေပြီမို့ ဒီနေ့တော့ အေးအေးလူလူ ဘုရားသွားဖို့စိတ်ကူးမိကာ မောင့်ဆီဖုန်းဆက်လိုက်၏။

အတော်ကြာသည်အထိ မောင်ဖုန်းမကိုင်တော့ အလုပ်မအားသေးဟုတွေးကာ ဆက်မခေါ်ဖြစ်တော့ဘဲ ပြန်ချလိုက်ပြီး ယမင်းနဲ့ဘုရားသွားဖို့ပြင်မိသည်။
ယမင်းကတော့ နှစ်ခါခေါ်စရာမလိုဘဲ အဆင်သင့်စောင့်နေမည်ဟု ဆို၏။
ထိုအခါမှ မှန်တင်ခုံမှာထိုင်ရင်း ကိုယ့်ကိုယ်ကိုသတိထားမိကာ ရွှေမှုန့်မျက်နှာဟာ အရင်လိုအေးချမ်းမနေတော့...

"ဘယ်လိုကြီးမှန်းလဲမသိဘူး"

အရေးအကြောင်းတွေထင်နေမလားဟု မှန်အနားကပ်ကြည့်မိတော့ နည်းနည်းထင်နေပြီမို့ သုံးနေကျ skincareတွေကို စိတ်ပျက်စွာပြန်ကြည့်မိသည်။
ငယ်ရွယ်သေးသောမျက်နှာတစ်ခုကို မျက်လုံးထဲပြန်မြင်လာသည့်အခါ စိတ်ထဲအလိုမကျဖြစ်သွားရပြီး အကယ်၍များ ထိုမိန်းကလေးသာ မောင့်အနားမှာရှိနေခဲ့ရင် မောင်စိတ်ယိုင်သွားမလားဟု တွေးမိပြန်သည်။

"မဟုတ်တာ ရွှေမှုန်ရယ် မင်းထင်ကနင့်ကိုချစ်ပါတယ် အခုချိန်ထိ ဘာအရှုပ်အရှင်းကြားဖူးလို့လဲ"

ယမင်းက ရွှေမှုန့်ကိုဖြေသိမ့်လာပေမယ့် အသက်အရွယ်က စကားပြောလာပြီမို့ ရွှေမှုန်စိတ်မပြေနိုင်သေး။
ဒီီရက်တွေထဲ မောင့်ကိုယ်ငွှေ့ဟာ အေးစက်သလိုခံစားနေမိကာ ဒါဟာ မောင်ကပဲတကယ်ဖြစ်နေတာလား၊ ရွှေမှုန်ကပဲ ပြောင်းလဲနေတာလား...

"ဟိုညကလည်း ငါတို့သူ့အဆောင်ကို သွားကြည့်ခဲ့ကြတာပဲ နင့်ယောကျာ်းမှမရှိတာ သူ့သူငယ်ချင်းဆိုတဲ့ဟိုကောင်လေးဆီရော ဖုန်းဆက်ကြည့်ပြီးပြီလား"

ထိုအခါမှ ဘိုဘို့ကိုသတိရသွားကာ ချက်ချင်းဖုန်းထုတ်ပြီး လှမ်းခေါ်လိုက်သည်။
ဘိုဘိုက အတော်လေးကြာမှလာကိုင်ကာ အနည်းငယ်မောနေသည့်အသံဖြင့်...

🚨 Silent Criminals 🚨Donde viven las historias. Descúbrelo ahora