Part - 17
•••••••••••"နင့်ရုပ်နင့်ရည်နဲ့ ဒီ့ထက်သာတဲ့ယောကျာ်းမျိုးရှာလို့ရပါတယ် ဘာလို့များမိန်းမရှိတဲ့ယောကျာ်းကိုမှ"
"သက်သေရှိလား ကျွန်မက ရှင့်ယောကျာ်းနဲ့ဖြစ်နေတယ်ဆိုတာ"
"သက်သေလိုချင်တာလား"
ရွှေမှုန် အလွန်စိတ်တိုနေမိသလို ထီမထင်ဟန်ဖြင့် ပြန်ပြောနေသော ထိုမျက်နှာလှလှလေးကိုလည်း စိတ်ရှိလက်ရှိ လက်သည်းနှင့်ကုတ်ချင်မိသည်။
ဒီမိန်းမပြုံးနေပုံဟာ ရွှေမှုန့်မျက်လုံးထဲမှာတော့ ရွံစရာအတိ။ခေတ်ရှေ့ပြေးသောမိန်းကလေးဖြစ်သည့်အလျှောက် ဒူးအထိရှည်သော စကဒ်အနက်ကို AKသားတီရှပ်ဝတ်ထား၍ ကောက်ကြောင်းလှလှလေးတွေထင်းနေ၏။
မျက်လုံး၊မျက်ခုံးကအစ သေသေချာချာပုံဖော်ထားကာ နီရဲဖူးစိုနေသောနှုတ်ခမ်းကြောင့် မျက်နှာတစ်ခုလုံးသည် သူ့နေရာနဲ့သူ လှနေသည်။
သို့သော် ရှင်မင်းညိုရဲ့အလှအပတွေဟာ မီးပုံတစ်ခုရဲ့ အလျှံငြီိးငြီးတောက်လောက်နေသော မီးညွန့်တွေနဲ့တူ၏။"အေး နင်လေသံကျယ်နိုင်လောက်တဲ့အထိ ငါကအ,မိတာကိုး ဟုတ်တယ် သက်သေမရှိသေးဘူး ဒါပေမယ့် ငါ့မှာသက်သေရှိလာရင်လည်း နင် ဒီအတိုင်းနေရမှာမဟုတ်ဘူး"
"ဟုတ်ရဲ့လား အဟွန်း.."
ဆံပင်ရှည်ရှည်တွေကို ကျောပေါ်ရောက်အောင် တွန်းပို့ရင်း သဘောတကျရယ်နေသော သူမကြောင့် ရွှေမှုန် သတိရလိုက်၏။
ခေါင်းစည်းကြိုးတွေ၊ ကလစ်လှလှလေးတွေ…ရွှေမှုန့်ဆံပင်အတိုမှာ မောင် ခေါင်းစည်းကြိုးဝယ်ပေးလာခြင်းကို ဘာကြောင့်ဟု မသိခဲ့ပေမယ့် ရှင်မင်းညိုရဲ့ဆံပင်ရှည်တွေမြင်လိုက်တော့မှ သဘောပေါက်သွားရသည်။
ဒီကောင်မအတွက် ဝယ်ပေးခဲ့ကာ ရွှေမှုန့်ကိုတော့ မောင်က လမ်းကြုံလက်ဆောင်ပေးခဲ့တာပေါ့…"မြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေကိုသိလား တစ်လင်တစ်မယားစနစ်ဆိုတာကိုရောသိလား... အကယ်၍များ အိမ်ထောင်ရှိအမျိုးသား၊ အမျိုးသမီး တစ်ယောက်ယောက်က ဖောက်ပြန်ခဲ့ရင် တစ်ဖက်လူက အိမ်ထောင်မရှိသူ လူလွတ်ဆိုရင် တရားစွဲဆိုခွင့်မရှိဘူးတဲ့"
BINABASA MO ANG
🚨 Silent Criminals 🚨
Non-FictionPG-13 စာရွက်တွေပေါ်မှာ ချရေးမထားပေမယ့် လူတွေ လိုက်နာရမယ့်ကျင့်ဝတ်ဆိုတာရှိတယ် ဒီလိုချရေးမထားလို့ ဥပဒေမမြောက်ဘူးဆိုပေမယ့် နင့်ကိုယ်ကျင့်တရားဟာ လောကရဲ့ရာဇဝတ်သင့်သွားပြီ အဲ့ဒီရာဇဝတ်မှုကို တိတ်တဆိတ်ကျူးလွန်နေတဲ့ နင်တို့.. နင်တို့တွေကသာ အသံတိတ်ရာဇဝတ်သားတွ...