13

3.1K 74 23
                                    

Part - 13
•••••••••••

ဒုတိယအကြိမ် ရှင်မင်းတို့ဆုံတော့ မုံရွာမှာမဟုတ်ဘဲ မန္တလေးမှာဖြစ်ကာ 86လမ်းမကြီးအနားက Hotelတစ်ခုမှာဖြစ်သည်။
သူ ဘာလိုအပ်နေသလဲဟု ပွင့်ပွင့်လင်းလင်းသိထားပြီးပြီဖြစ်သလို သူနဲ့ရှင်မင်းအကြားမှာ လျှို့ဝှက်ချက်တွေသိပ်မရှိတော့။

ချစ်စခင်စ၊ သမီးရည်းစားဖြစ်ကာစလို သူဟာရှင်မင်းကို သဲသဲလှုပ်နေသလို ကိုယ်ချစ်ရသူကို အခုမှချစ်ခွင့်ရသည့်ရှင်မင်းကလည်း သူ့မျက်နှာညိုမှာကို ကြောက်ရွံ့မိသည်အထိ။
ဒါ့ကြောင့်လည်း သူ လိုအပ်နေသည့်အရာကို ပေးအပ်ဖို့ ရှင်မင်းခေါင်းညိတ်ခဲ့ခြင်းဖြစ်သည်။

"မြန်မာဝတ်စုံ ဝတ်ခဲ့နော်"

ဟု အသေအချာမှာလိုက်၍ ရှင်မင်း မြန်မာဆန်ဆန်ဝတ်ခဲ့ရကာ ရှင်မင်းကိုတွေ့လိုက်သည်နှင့် ပြုံးသွားသော သူ့မျက်နှာဟာ မြတ်နိုးဖွယ်ကောင်းလှသည်။
အခန်းထဲရောက်သည်နှင့် ရှင်မင်းကိုဖမ်းပွေ့ကာ ပြင်းပြင်းရှရှနမ်းလာသော သူ့အနမ်းတွေဟာ ရင်ခုန်မိကာ ရှင်မင်းရဲ့စိတ်ရိုင်းကို ပိုပြီးတောက်လောင်အောင် မီးထည့်ပေးနေကြသလိုပင်။

"ခဏဖယ်ပါဦး ကိုမင်းထင်ကျော်"

"ကိုကိုလို့ခေါ်ဖို့ပြောထားတယ်မလား"

"ဟမ်! ဘာလို့လဲ သူကဖြင့် ရှင်မင်းနဲ့ ဘယ်လောက်ကွာလို့လဲ"

"၂လပဲကွာတာလေ ဘာနေနေ ကိုကိုလို့ခေါ်ပေါ့ ဖုန်းထဲမှာတော့ခေါ်ပြီး အခုမှမခေါ်ရဲနေတာ.. မင်းရဲ့အခုပုံစံအတိုင်းဆို အသက်ကွာသလိုထင်ရတယ် ကလေးရုပ်လေးနဲ့"

သူ့စကားကို ရှင်မင်းမယုံတာမို့ အိပ်ရာပေါ်လှဲနေရာမှထကာ မှန်ရှေ့မှာသွားရပ်လိုက်တော့ သူကပါ ထလိုက်လာပြီး ရှင်မင်းအနောက်မှာရပ်၏။
သူနဲ့ယှဥ်ရင်တော့ သူမဟာ ကလေးလေးလို သေးသေးလေးဖြစ်သွားပြီး သူက ရှင်မင်းဆံပင်တွေကိုငုံ့နမ်းသည်။
ခါးကနေ တင်းတင်းပွေ့ဖက်လာပြီး ရှင်မင်းကိုမှန်ထဲကနေကြည့်ကာ…

"တွေ့လား အသက်ချင်းကွာသလိုပါပဲဆို"

ရှင်မင်းက အလှအပမက်သူမို့ နုနုရွရွလေးသာနေတတ်တာမို့ ဒီလိုနုရွနေအောင်လည်း skin careတွေလုပ်ရသည်ပဲ။
သူကတော့ လူကြီးဆန်ဆန်ဖြင့် အမြဲလိုတည်ငြိမ်နေတာမို့ တကယ်ပဲအသက်ကွာသည်ဟု ထင်ရ၏။

🚨 Silent Criminals 🚨Donde viven las historias. Descúbrelo ahora