7

2.6K 67 4
                                    

Part - 7
•••••••••••

ရွှေမှုန့်ကို သတိထားကြည့်နေမိသည်မှာ ၃ရက်နီးပါးရှိနေပြီဖြစ်သည်။
အင်္ကျီဆိုင်မှာ ရှင်မင်းညိုနဲ့တွေ့ပြီးကတည်းက ရွှေမှုန်ဟာ သူ့ကိုအကျဥ်းသားတစ်ယောက်လို အချိန်ပြည့်စောင့်ကြည့်နေခဲ့ပြီး  ဘာလုပ်လုပ် မလွတ်လပ်တော့။

"နေ့လည်စာ ဘာလို့မစားတာလဲ မောင်"

"Aww.. marketingသမားတွေနဲ့ ကြော်ငြာကိစ္စတိုင်ပင်ရင်း လက်ဖက်ရည်ဆိုင် သွားထိုင်ဖြစ်သွားတာ အဲ့ဒါကြောင့်"

"ဟုတ်လို့လား တစ်ခုခုကိုရင်ခံနေလို့များ စားမဝင်တာ မဟုတ်ဘူးလား"

ရှင်မင်းညိုတို့အတွဲအပေါ် ခပ်ရင့်ရင့်ဆက်ဆံလိုက်၍ ထိုနေ့က သူ စိတ်ဆိုးခဲ့တာကိုလည်း မကျေနိုင်၊ မချမ်းနိုင်ဖြစ်နေဆဲ။
တကယ်ဆို တစ်ဖက်မှာ လက်ထပ်ခါနီးအတွဲဖြစ်နေပြီမို့ ရွှေမှုန်ဟာ ဘာကြောင့်သဝန်တိုနေသေးတာလဲ။
မမရဲ့ဒုက္ခလို့ဆိုရအောင် သူကရော ဘယ်မိန်းမအပေါ်မှာများ မရိုးမသားဖြစ်မိလို့လဲ…

"မောင် အိမ်သာထဲမှာကြာနေပြီ ဘာလုပ်နေတာလဲ"

"မောင် ဝမ်းချုပ်နေလို့ပါ ရွှေမှုန်ရာ"

"တစ်ယောက်ယောက်ကို စာပို့နေတာလား"

"မပို့ပါဘူး"

"ဖုန်းကဘာလုပ်ဖို့ယူသွားတာလဲ"

"YouTubeသုံးချင်လို့လေ ရွှေမှုန် မင်း ဘာတွေမယုံနိုင်ဖြစ်နေတာလဲ ဟမ်??"

သည်းမခံနိုင်တော့သည့်အဆုံး ပေါက်ကွဲမိသည့်အခါ ရွှေမှုန်ဟာ ဘာအပြစ်မှမရှိသူတစ်ယောက်လို အေးတိအေးစက်ဖြင့်ကြည့်နေ၏။
သူမဟာ ကိုယ့်အကျင့်၊ ကိုယ့်သိက္ခာကို စော်ကားပေါင်းများနေပြီဖြစ်ကာ ဒီလိုမျက်စိဒေါက်ထောက်လိုက်ကြည့်နေတာကိုရော ဘာကြောင့်လို့ ခေါင်းစဥ်တပ်ရမလဲ…

"မင်း မျက်လုံးထဲမှာ ငါကဖောက်ပြန်တတ်တဲ့ကောင်လို့ ထင်နေတာလား"

"မဟုတ်ပါဘူး"

"မဟုတ်ရင် ဘာလို့ ငါ့ကိုထောင်ကျတဲ့လူတစ်ယောက်လို လိုက်ကြည့်နေတာလဲ မင်းရဲ့ဆိတ်ကွယ်ရာမှာ ငါကနေချင်တိုင်းနေ လုပ်ချင်တိုင်းလုပ် ဖြစ်ချင်တိုင်းဖြစ်နေတဲ့ကောင်လား ဟမ်??"

🚨 Silent Criminals 🚨Where stories live. Discover now