8

2.6K 66 10
                                    

Part - 8
•••••••••••

"နင်တို့!.. သိပ်ရွံစရာကောင်းတဲ့လူတွေ"

မြင်လိုက်ရသည့်မြင်ကွင်းကို မယုံနိုင်အောင်ဖြစ်မိကာ မောင်ဟာ ရွှေမှုန့်အပေါ် တကယ်ပဲလုပ်ရက်ခဲ့သောအတွေးဖြင့် တစ်ကိုယ်လုံးပူလောင်လာ၏။
ရှင်မင်းညိုက မျက်ရည်တွေဖြင့် ​ရွှေမှုန့်ကိုကြည့်နေခဲ့၍ ထိုမျက်နှာဆီကို လက်ရွယ်လိုက်သောအခါ…

"မလုပ်နဲ့"

ဆိုသည့်တားဆီးသံနှင့်အတူ မောင်က ထိုမိန်းမရှေ့မှ ကွယ်ရပ်လိုက်၏။
မောင့်မျက်နှာက တင်းမာနေတာလည်းမဟုတ်သလို အပြစ်ရှိသူတစ်ယောက်နဲ့လည်းမတူ။

ရွှေမှုန့်ရင်ထဲ တင်းကျပ်လာသလိုခံစားလိုက်ရပြီး မျက်ရည်တွေဝေ့တက်လာခဲ့ကာ မောင့်ရင်ဘတ်ကြီးကို တဘုန်းဘုန်းထုပစ်လိုက်တော့သည်။
မောင်ဟာ ဘာကြောင့်ဒီမိန်းမကို ကာကွယ်နေတာလဲ…

"မင်းနဲ့ငါ အိမ်ရောက်မှဆက်ပြောမယ် ရွှေမှုန်"

"ဟင့်အင်း မောင်ဘာလို့သူ့ကိုကာကွယ်နေတာလဲ သူက မောင့်အတွက်ဘာမို့လို့လဲ"

အသံကုန်အော်ဟစ်ပစ်လိုက်မိပေမယ့် ရင်ထဲကနာကျင်ခြင်းတွေဟာ လျော့ပါးမသွားခဲ့။
ရွှေမှုန့်အသံကြောင့် အဆောင်ပြတင်းပေါက်တွေဆီမှ ခေါင်းလေးတွေ ပြူတစ်လာကြ၍ ရွှေမှုန်အားတက်သွားပြီး မရိုက်ရရင်တောင်တစ်ခုခုတော့လုပ်ပစ်ဖို့ စိတ်ကူးကချက်ချင်းဖြစ်၏။

"မယားငယ်လား ဟင်!! မောင် သူနဲ့ဖောက်ပြန်နေတာလား"

"မဟုတ်ဘူး ငါ့မှာမင်းကလွဲပြီး ဘယ်သူမှရှိခဲ့တာမဟုတ်ဘူး"

"ဒါဆို မောင်ဘာလို့ သူ့ဆီရောက်နေတာလဲ မောင်အိမ်ပြန်နောက်ကျလို့ ဒီကိုလာစောင့်နေတာ ထင်တဲ့အတိုင်းပဲ မယားငယ်မရဲ့မှိုင်းမိ​နေပြီပေါ့"

"ဒီမှာ ရှင်သိပ်တရားလွန်နေပြီ ဒေါ်ရွှေမှုန်ကြဲ"

ရှင်မင်းညိုက မျက်ရည်တွေကိုဖိသုတ်ပစ်ရင်း အံကြိတ်ထားသည့်လေသံဖြင့် ရှေ့တိုးလာ၍ ရွှေမှုန် ထိုမိန်းမကို စူးစူးကြီးကြည့်ပစ်လိုက်သည်။
သူတို့လုပ်ရပ်ကရော တရားမလွန်လို့လား…

🚨 Silent Criminals 🚨Where stories live. Discover now