Part - 12
•••••••••••သူမ လိုချင်ခဲ့မလားမသိပေမယ့် ထိုအချိန်တွေတုန်းက ရှင်မင်းကိုလှည့်မကြည့်ခဲ့ပါဘဲ က်ုယ်လိုချင်လာသည့်အခါမှ သူမက ရုံးပြောင်းသွားပြီဟု သိရသည်။
ဘယ်ရုံးလဲဟု လိုက်စုံစမ်းနေသည်မှာလည်း ၂လကျော် ၃လနီးပါးကြာမြင့်လာပြီဖြစ်ကာ ဒီကြားထဲ နိုင်ငံရေးအဓိကရုဏ်းကြီးက ထဖြစ်ပြန်သည်။"မောင် Sandaပြပွဲတွေမလိုက်နဲ့နော်"
ထုံးစံအတိုင်း ရွှေမှုန်က စိုးရိမ်ပူပန်စွာတားမြစ်တတ်ဆဲဖြစ်ပြီး ပြဿနာမတက်ချင်သောကြောင့် ရွှေမှုန့်အလိုကျ ငြိမ်နေလိုက်သည်။
Sandaပြပွဲတွေစိပ်လာသည့်အခါ အလုပ်လုပ်ရသည်မှာလည်း မတွင်ကျယ်တော့သလို Covidကြောင့် နားထားရသည့်အချိန်နှင့် ဆက်သွားတော့ Showroomကို ခေတ္တပိတ်ထားလိုက်တော့သည်။အလုပ်အားသလိုဖြစ်သွားတော့ အပြင်အလုပ်လုပ်ရင်း မသွားဖြစ်သည့်မုံရွာကို ထွက်လာခဲ့ကာ စိတ်ထဲမှာမသိမသာပျော်နေမိသည်။
ဒီမိန်းကလေးကို ဘာကြောင့်ရယ်မသိဘဲ ကိုယ့်အပိုင်ဖြစ်ချင်နေသလို ကိုယ့်ကိုစိတ်ဝင်စားနေသည့် ထိုနှလုံးသားကိုလည်း အပိုင်ယူချင်သည်။မုံရွာကိုရောက်တော့ Sandaပြပွဲတွေကြောင့် လမ်းတွေပိတ်နေသေး၍ ၂နာရီလောက်မှ ရှင်မင်းတို့ရုံးခွဲအနားကို ရောက်သွား၏။
မြင်နေရသောရုံးခန်းလေးဟာ သူမ အရင်လုပ်ခဲ့သည့် Mega Aceလောက်မခမ်းနားသော သာမာန်ရုံးခွဲလေးတစ်ခုမျှသာဖြစ်ပြီး ဒီနေရာကို ပြောင်းရွှေ့ခွင့်တင်ခဲ့သတဲ့။
အဲ့လိုထွက်သွားရုံနဲ့ မင်းကိုငါ အဆက်ပြတ်သွားမယ်ထင်လို့လား…မှတ်မထားပေမယ့် အလွတ်ရနေခဲ့သော နံပါတ်ကိုခေါ်လိုက်သည့်အခါ ဖုန်းကဝင်ပေမယ့် သူမ အတော်နဲ့မကိုင်။
"ဟဲလို"
"ငါ မင်းတို့ရုံးနားလေးရောက်နေတယ် ခဏလေးထွက်လာခဲ့"
"ရှင်က ဘယ်လို.."
"မင်းကိုလာတွေ့တာ ထွက်ခဲ့"
သူ ဖုန်းချပစ်လိုက်တော့ ရှင်မင်းညိုတစ်ယောက် ဘယ်လိုဖြစ်သွားမလဲဟု စိတ်ကူးကြည့်မိရင်း အလိုလိုကျေနပ်သွားမိသည်။
အနည်းဆုံးတော့ ရင်ခုန်သွားမှာပါ…
နောက်ထပ်လည်း မင်းကိုရင်ခုန်စရာတွေဖန်တီးပေးမှာမို့ မင်း ငါ့အနားနေချင်လာလိမ့်မယ်…
YOU ARE READING
🚨 Silent Criminals 🚨
Non-FictionPG-13 စာရွက်တွေပေါ်မှာ ချရေးမထားပေမယ့် လူတွေ လိုက်နာရမယ့်ကျင့်ဝတ်ဆိုတာရှိတယ် ဒီလိုချရေးမထားလို့ ဥပဒေမမြောက်ဘူးဆိုပေမယ့် နင့်ကိုယ်ကျင့်တရားဟာ လောကရဲ့ရာဇဝတ်သင့်သွားပြီ အဲ့ဒီရာဇဝတ်မှုကို တိတ်တဆိတ်ကျူးလွန်နေတဲ့ နင်တို့.. နင်တို့တွေကသာ အသံတိတ်ရာဇဝတ်သားတွ...