Part(8) Unicode

4.8K 153 4
                                    

ဘယ်လောက်ထိ ချစ်လဲ...?

အပိုင်း(၈)

"ကူးကူး"

ကူးကူးသည် အပျိုဝင်စအရွယ်လို လှပ‌လာ၏။ အရပ်က အရင်ကထက်ပိုရှည်လာခဲ့ပြီး ခန္ဓာကိုယ်ကလည်းအရင်ကထက် ပိုပြီးပုံကျလာခဲ့သည်။ သုံးနှစ်ဆိုသောကာလအတွင်းမှာ ကူးကူးသည် မိန်းမလှလေးတစ်ယောက်လိုမျိုးပြောင်းလဲလာခဲ့သည်။ မပြောင်းလဲတာဆိုရင် မျက်လုံးဝိုင်းဝိုင်းနဲ့ ဆံပင်ပုံစံပင်။ မျက်လုံးနက်နက်နဲ့ဂုတ်ဝဲဆံပင်ကေ။

ခြား ကူးကူးကိုခဏအကြည့်ရောက်နေချိန် ကူးကူးသည် အနားကိုပြေးလာကာ ခြားရင်ခွင်ထဲ တိုးဝင်ကာဖက်တွယ်လိုက်သည်။ ရုတ်တရက်မို့ ခြားရှောင်ချိန်မရလိုက်။

"ကိုကြီးကိုလွမ်းနေတာ"

ကူးကူးကပြောလည်းပြော ခြားရဲ့ကိုယ်သင်းနံ့ကို ရှူရှိုက်သည်။ ထိုအခါမှ ခြားသတိဝင်လာကာ...

"မင်းဘာလာလုပ်တာလဲ"

"သုံးနှစ်နီးပါးတောင် မတွေ့ရတာ ဒီလိုလေးတောင်ဖက်ခွင့်မရဘူးလား"

"မင်း မကြောက်ဘူးလား ငါတို့နောက်ဆုံးတွေ့တုန်းကဘာပြောထားလဲ"

ကူးသည် ကိုကြီးနှုတ်မှ အရင်က ပြောခဲ့တဲ့စကားကိုပြန်အစဖော်သည့်အခါ ဖက်ထားသည့်လက်တွေကိုချက်ချင်းခွါချလိုက်ကာ နည်းနည်းနောက်ဆုတ်မိသွား၏။ ကြောက်စေချင်လို့နမ်းခံရတာမျိုးမဖြစ်စေချင်။ ကိုကြီးကကြိုက်လို့နမ်းတာပဲ အနမ်းခံချင်တာ။

တွေ့ခွင့်မရတဲ့ နှစ်နှစ်နဲ့ဆယ်လအတွင်းမှာ ကိုကြီးကို အရမ်းလွမ်းနေခဲ့ပါသည်။ သို့သော် အဆောင်က ခိုးထွက်လို့မရ၍ လာတွေ့ခွင့်မရခဲ့။ မြတ်နိုးက ဆယ်တန်းပြီးတဲ့အထိ မတွေ့ဘဲ ကြံ့ကြံ့ခိုင်နိုင်ရင် ဘယ်တော့မှ ကူးနဲ့ကိုကြီးကို မကန့်ကွက်တော့ဘူးဟုပြောလာ၍ ကူးကြိတ်မှိတ်နေခဲ့သည်။ တစ်ခါတစ်လေ movie timeဆိုရင် ကူးက ကိုကြီးပါတဲ့သတင်းကိုပဲဖွင့်လို့ အတန်းဖော်တွေကတောင် အမြင်ကပ်နေကြပြီဖြစ်သည်။ သို့သော်ကူးသည်ဂရုမစိုက်ဘဲ အလွမ်းဖြေဖို့သာ စဉ်းစားမိသည်။

ကူးကသာ ကိုကြီးကို အချိန်တိုင်းလွမ်းနေပေမဲ့ ကိုကြီးကတော့ ထိုသို့မဟုတ်။ သတင်းမှာချစ်သူရှိနေတယ်ဆိုပြီးမပါလာပေမဲ့ အတန်းဖော်တွေဆီကနေ ခြားကဘယ်သူနဲ့တွဲနေတာ၊ ငါ့အစ်မက ဘယ်မှာတွေ့ခဲ့တာဆိုတဲ့သတင်းမျိုးအဆက်မပြတ်ကြားရသည်။

ဘယ်လောက်ထိချစ်လဲ!?(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ