Part(15) Unicode

5.3K 183 7
                                    

ဘယ်လောက်ထိ ချစ်လဲ...?

အပိုင်း(၁၅)

ဆေးရုံရှေ့မှာ ကိုကြီးနဲ့ထပ်တွေ့သည်။ ကိုကြီးရန်ဖြစ်လာတာလား။ လက်မှာပတ်တီးနဲ့ ခြေတောက်ကလည်းထော့နဲ့ထော့နဲ့။ ကိုကြီးက ကူးကို စိုက်ကြည့်နေသည်။

"သမီးငယ်"

မာမီကပါ ကိုကြီးကိုတွေ့သွားပြီး ကူးကူးနားကို အမြန်လာကာ လက်ကိုမလွှတ်တမ်းကိုင်ထားသည်။

"အခန်းထဲသွားမယ်"

မာမီက ကူးကို အတင်း‌ဆွဲခေါ်သွားသည်။ ကူး ငြင်းဆန်ခြင်းမရှိဘဲ လိုက်သွားရသည်။ ဒီနည်းလမ်းကသာ ကိုကြီးကို ထပ်တွေ့နိုင်မှာမို့။

ကလေးငယ်က နေကောင်းသွားပုံပဲ။ မျက်နှာက ညှိုးမနေဘဲ ရွှင်ပြပြပြန်ဖြစ်လာသည်။ ခြားရဲ့ခြေလှမ်းတွေကတော့ သူမဆီမသွားဖြစ်ခဲ့။

♡。⁠♡♡⁠。♡。⁠♡♡。⁠♡。♡♡⁠。⁠♡。♡♡⁠。♡。

"ငါနဲ့စကားပြောရအောင်"

စန္ဒာစုဘက်က စပြီးစကားကြောင်းလာခဲ့သည်။ သေချာတာက သူ့ညီမနဲ့ပတ်သတ်ပြီး တစ်ခုခုကိုစိုးရွံ့နေပုံပဲ။အဟက်။

"ဘာပြောစရာရှိလို့လဲ"

"ငါ့ညီမလေးနဲ့တစ်ကယ်ပျက်တာလား"

ခြားမျက်လုံးတွေမှေးစင်းကျသွားကာ စန္ဒာစုကို စူးစိုက်ကြည့်သည်။ ပြီးနောက် တစ်ခုခုကို သိရှိသွားသလိုပြုံး၏။

"ဘာလဲ ကျုပ်က ခင်ဗျားညီမနဲ့ပြတ်ရင် ခင်ဗျားနဲ့တွဲမယ်ထင်နေတာလား"

"ခြားမစော်ကားနဲ့"

"စော်ကားတာမဟုတ်ဘူး ဖြစ်နိုင်တာကိုပြောလိုက်တာ ဘာလို့လဲ ခင်ဗျားညီမဆိုပြီးရှောင်စေချင်တာလား"

"ဘာပဲဖြစ်ဖြစ် ကူးကူးနဲ့တော့မဖြစ်ဘူး...ကလေးကို မဖျက်စီးနဲ့ ကူးကူးကငယ်သေးတယ် နင့်ရဲ့အတ္တအတွက်နဲ့ ဒဏ်ရာမရစေနဲ့"

အဟက်။ ခြားသဘောကျစွာရယ်သည်။ အရမ်းကန့်ကွက်လွန်းရင်လည်း မခံချင်စိတ်တွေဖြစ်လာတတ်တယ်ဆိုတာ သူတို့မသိလေသလား။

"အခုမှစဉ်းစားမိတာ ခင်ဗျားတို့မကြိုက်လွန်းတဲ့အရသာကို မြည်းစမ်းချင်သွားပြီ အစက ခင်ဗျားတို့နဲ့ဝေးဝေးနေချင်လို့ မပတ်သတ်ခဲ့တာ အခု ခင်ဗျားတို့ကအရင်ပတ်သတ်လာတော့ ရှေ့ဆက်တိုးမလို့ ခင်ဗျားတို့သည်းသည်းလှုပ်ချစ်တဲ့ညီမကို ကျုပ်ရအောင်ယူပြမယ် ဘယ်လိုလဲ"

ဘယ်လောက်ထိချစ်လဲ!?(Completed)Where stories live. Discover now