Part(13) Zawgyi

1.3K 10 0
                                    


ဘယ်လောက်ထိ ချစ်လဲ...?

အပိုင်း(၁၃)

"ကျွန်တော်က ထူးခြားပုံရိပ်ပါအန်တီ"

လူကြီးတစ်ယောက်ကိုရိုသေစွာနှုတ်ဆက်လိုက်ခြင်းဟာ ကလေးငယ်ရဲ့အမေဆိုတဲ့အသိကြောင့်ဖြစ်လိမ့်မည်။

"အန်တီက ဒေါ်စန္ဒာပါ"

"ဟုတ်ကဲ့"

"အန်တီလာတာက သမီးငယ်အတွက်ပါ...သမီးငယ်ကအခု အစားမစားဘဲ အခန်းထဲပဲနေနေတယ် ဒါကြောင့်မို့ အန်တီလာတွေ့တာ"

"ကူးကူးဘာဖြစ်တာလဲ အန်တီ"

ခြားစိုးရိမ်စွာမေးလိုက်သည်။ တစ်ပတ်မက သူ့ဆီပေါ်မလာ၊ဖုန်းမဆက်သည့်ကလေးကြောင့် သူရုတ်ချည်းမေးထွက်သွားတာဖြစ်သည်။

"အကြောင်းက မင်းနဲ့တွဲနေတာ သူ့အစ်မက မကြိုက်လို့ အခန်းပိတ်ထားတာ...ဒါကြောင့် မင်းက ဖုန်းဆက်ပြီးအစားစားဖို့ပြောပေးပါ...မင်းပြောရင် သမီးငယ်က လက်ခံမှာပါ ပြီးတော့ တောင်းပန်ပါတယ် အန်တီ့ကို အတ္တကြီးတယ်လို့ပဲပြောပြော ရက်စက်တယ်ပဲပြောပြော သမီးငယ်နဲ့ လမ်းခွဲပေးပါ...အန်တီသမီးငယ်ကို အချစ်ထဲမှနစ်မွန်းနေတာမမြင်ချင်ဘူး မင်းကို အရမ်းစွဲလန်းနေတဲ့သမီးလေးရဲ့ပုံစံကို အန်တီမကြည့်ချင်ဘူး မင်းနဲ့သဘောတူပေးရအောင်ကလည်း အန်တီ့အတွက်အဆင်မပြေဘူး သမီးငယ်က ငယ်သေးတယ် သေချာပြုစုလာရတဲ့ကလေးလို သူစိမ်းလက်ထဲအလွယ်တကူမအပ်နိုင်ဘူး ဒါကြောင့် အန်တီကအနူးအညွတ်တောင်းပန်ရတာပါ"

ခြားရင်ထဲ ခံပြင်းစိတ်က တဖြည်းဖြည်းနဲ့ဒီဂရီမြင့်တက်လာသည်။ ကိုယ်ကချည်းပြောလာတဲ့ ဘဝမှာ ဒီလိုပြောခံရမယ်လို့တစ်ခါမှမတွေးဖူး။ အဲ့ဒါထက် ဘာမှတောင်မလုပ်ရသေးတဲ့ကလေးရဲ့အမေကလာပြောတယ်ဆိုတာ ခြားအတွက်မခံချင်စရာ။

"အန်တီမှားနေပြီ ကျွန်တော် စန္ဒရာကူးကို လက်ထပ်ဖို့စိတ်ကူးမရှိဘူး"

ခြား ပြောလိုက်သည့်စကားကြောင့် ဒေါ်စန္ဒာလန့်သွားပုံရသည်။ ရှက်သွားတာရောပါမည်။ မျက်နှာကရုတ်ချည်းနီရဲလာတာ။

"ဟင်"

"အန်တီ့သမီးကသာ ကျွန်တော့်ကိုစွဲလန်းနေပြီး မခွဲနိုင်မခွါနိုင်ဖြစ်နေတာ"

ဘယ်လောက်ထိချစ်လဲ!?(Completed)Donde viven las historias. Descúbrelo ahora