Part(9) Unicode

4.8K 172 3
                                    

ဘယ်လောက်ထိ ချစ်လဲ...?

အပိုင်း(၉)

"အွန့်!..."

"အာ့ ဖြေးဖြေးခြား..."

အဆင့်မြင့်ဟိုတယ်တစ်ခုမှာ ခြားနှင့်မော်ဒယ်တစ်ယောက်တို့က အနမ်းချင်းဖလှယ်နေကြသည်။ ပါတီပွဲတစ်ခုရဲ့အပြန်မှဖြစ်ပြီး တစ်ဖက်နဲ့တစ်ဖက်အပေးအယူနဲ့အတူ အခန်းတစ်ခုငှားခဲ့ကြတာဖြစ်သည်။

ခြား သူမရဲ့နှုတ်ခမ်းတွေကို အငမ်းမရနမ်းပြစ်မိသည်။ အနမ်းတွေကတော့ ညင်သာမှုမရှိဘဲ ကြမ်းတမ်းနေ၏။ သွားချင်တာက sex onlyဖြစ်နေ၍ ညင်သာနေဖို့ရည်ရွယ်ချက်မရှိပေ။

"အာ့!...ဟင်း...ခြား"

"ဗြီ..."

အဝတ်တွေကို ဆွဲဖြဲလိုက်သည်။ စိတ်မရှည်တော့သည်က ဘာကြောင့်မှန်းမသိ။

ထိုစဉ် မျက်လုံးထဲဝင်လာသည်က ကူးကူးရဲ့စကားသံ။

(("ကူးက ကိုကြီးရည်းစားဖြစ်သွားပြီ ဒါကြောင့် ပါတနာထပ်မထားရဘူး ကိုကြီးရဲ့ရည်းစားက ကူးပဲ"

"မင်းက ငါ့ရည်စားဆို ထားပါတော့...ငါ sexလိုချင်တဲ့အခါ မင်းပေးမှာလား"

"အဲ့ဒါက....ဒါမဲ့ကိုကြီးနမ်းချင်တဲ့အခါ အနမ်းခံမှာပါ အရင်ကလို ငိုပြီးမထွက်ပြေးဘူး"))

အနမ်းတွေက သူ့အလိုလိုရပ်တန့်သွားသည်။

"ခြားဘာလို့ရပ်လိုက်တာလဲ"

ခြားဆက်ပြီးနမ်းဖို့ ရှေ့တိုးလိုက်ပေမဲ့ ခံစားလို့မရတော့။ တစ်ကယ်ဆို အရင်ကတည်းက ဒီလိုအဖြစ်အပျက်မျိုးအများကြီးကြုံခဲ့သည်။ နမ်းနေပေမဲ့ နမ်းချင်တဲ့သူက တစ်ယောက်ဖြစ်နေခဲ့တာအမြဲတမ်း။ နမ်းနေတဲ့သူပြောင်းသွားခဲ့ပေမဲ့ နမ်းချင်တဲ့သူကတော့ ခြားတစ်ခါနမ်းဖူးတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေကိုသာဖြစ်သည်။

"ခြား!.."

"ငါသွားတော့မယ် နောက်ရက်ကျ ဝတ်စုံဖိုးလွှဲပေးလိုက်မယ်"

ခြား နောက်ကိုလှည့်မကြည့်ဘဲ ထွက်လာခဲ့သည်။ ဒီတစ်ခါတော့ သူ ရှေ့ဆက်မတိုးဖြစ်ခဲ့။

♡。⁠♡♡⁠。♡。⁠♡♡。⁠♡。♡♡⁠。⁠♡。♡♡⁠。♡。

ညဆယ်နာရီ သူငယ်ချင်းတွေနဲ့ video call ပြောနေချိန် ဖုန်းလာခဲ့သည်။ Contact မှာ ကိုကြီးဆိုသည့်ဖုန်းနံပါတ်ကြောင့် သူငယ်ချင်းတွေနဲ့ဆက်မပြောတော့ဘဲ ကိုကြီးဖုန်းကိုကိုင်လိုက်သည်။

ဘယ်လောက်ထိချစ်လဲ!?(Completed)Donde viven las historias. Descúbrelo ahora