Part(27) Unicode

6.1K 260 7
                                    

အပိုင်း(၂၇)

"ဪ ဒါဆို မေနဲ့ ကိုကြီးက ၂၀၁၆မှာတွေ့ပြီး ကိုကြီးက အင်္ဂလန်က အမေဆီလိုက်သွားခဲ့တယ်ပေါ့..."

"အင်း မှန်တယ်..."

"ဒါဆို ကိုကြီးမာမီက အခုထိအသက်ရှိသေးတယ်ပေါ့"

"အင်း ကင်ဆာကနောက်ဆုံးအဆင့်ပေမဲ့ ပြန်ကောင်းလာတယ် နောက်ထပ်ငါးနှစ်လောက်တောင်နေလို့ရဦးမှာ အဓိကက စိတ်ပြန်ပျော်‌လာတာပေါ့"

"ကူးကိုရော ဘယ်လိုသိတာလဲ"

"Broက မာမီကြောင့် အင်္ဂလန်ကိုလိုက်ခဲ့ပေမဲ့ တစ်ခုခုကို ခံစားနေရတဲ့ပုံပေါက်တယ်လေ...တစ်ခါတစ်လေ စိတ်တိုနေပြီး တစ်ခါတစ်လေကျ လွမ်းဆွေးနေတတ်တယ်...Broက အမြဲတမ်း အဲ့မှာမနေဘူးလေ ဒီသွားလိုက် ဟိုပြန်လိုက်လုပ်နေတာ  ၂၀၁၈လောက်က အလုပ်ကိစ္စအတွက် မြန်မာကိုခဏလာတော့ မေကအတင်းလိုက်ခဲ့တာ အဲ့မှာ ကူးကူးကို ဝင်ကြည့်သေးတယ် အဲ့မှာစတွေ့တာ"

ကိုကြီးပြောဖူးသည်။ ကူးကိုလာတွေ့သေးသည်တဲ့။ မဖြစ်နိုင်လောက်ဘူး၊ အဲ့တုန်းက ‌ကူးကိုစနှောက်ချင်လို့ ပြောခဲ့တယ်လို့ပဲထင်ထားခဲ့တာ။ ကိုကြီးက တစ်ကယ်လာတွေ့ခဲ့သည်တဲ့။ မေသာမပြောရင် ကူးယုံမှာမဟုတ်။

"အဲ့နောက်ပိုင်း မေတို့ အင်္ဂလန် ပြန်ပြန်ရတယ် နောက်မကြာမကြာလာတယ် မေတော့ပါမလာဘူး အဲ့တုန်းကသာ အတင်းလိုက်လို့ခေါ်ခဲ့တာ"

"အဲ့လိုကိုး"

"ဟုတ်တယ် မေ Broနဲ့ အခုမှရင်းနှီးစရှိသေးတယ်...အရင်ကဆို မေ့ဘက်ကချည်းစ‌ကားတွေပြောခဲ့ရတာ"

"အဲ့တာတော့ တူတူပဲ မေရေ...တို့ကူးကူးလည်း အဲ့လိုပဲ ကိုကြီးနားအတင်းလိုက်ကပ်မှ ရခဲ့တာ"

"အခုပြတ်နေတာ ငါစိတ်ပြန်မပြေသေးဘူး"

ကူးကူးက အသံပြတ်ပြတ်လေးနဲ့ ဝင်ပြောသည်။

"ဒါပေမဲ့ သူလာတွေ့တာ လက်ခံတယ်လေ ကလေးမ အချိန်တန်ရင် ပြန်ပါမှာပဲကို"

မြတ်နိုးစကားကြောင့် ကူးကူးက ဝေဝေကိုစစ်ကူတောင်းသလိုကြည့်သည်။ ဝေဝေက မသိချင်ယောင်ဆောင်ကာ မြတ်နိုးဘက်ကိုတိုးကပ်သွားသည်။ အရမ်းကောင်းကြသည့်သူငယ်ချင်းများ။

ဘယ်လောက်ထိချစ်လဲ!?(Completed)Donde viven las historias. Descúbrelo ahora