Part(3) Unicode

5.7K 168 1
                                    

ဘယ်လောက်ထိ ချစ်လဲ...?

အပိုင်း(၃)

အမွေကိစ္စနားထောင်ပြီး အိမ်ပြန်ရောက်တော့ အစ်ကိုက အသင့်စောင့်နေသည်။ မျက်နှာကတော့ သိပ်မကောင်း။

"အဆင်မပြေခဲ့ဘူးလား"

"ကောင်းကောင်းပြီးခဲ့တယ်"

အစ်ကိုက အနည်းငယ်ပြုံးတယ်ဆိုရုံဖြင့် ဖြေလာသည်။

"ဒါဆို အစ်ကိုနားလိုက်ပါဦး"

"ခြား!.."

"ဗျာ"

"မင်းရော ဘယ်လိုလဲ ရှေ့နေက ဘာတွေပြောလိုက်လဲ"

"အသက်ရှင်တုန်းက ကျွန်တော့်ကို ထိန်းချုပ်ဖို့သာကြိုးစားတဲ့ဒယ်ဒီက အမွေတွေအကုန်လုံးကို ကျွန်တော့်ကိုပေးသွားတယ်တဲ့ ရယ်စရာပဲ သူတစ်သက်လုံးကာကွယ်လာတဲ့မိသားစုကိုကျ နည်းနည်းပဲပေးပြီးလေ"

"သူဌေးက မင်းကို ချစ်ပါတယ်"

ခြားပြုံးသည်။ ထိုအပြုံးက သဘောကျလို့မဟုတ်ဘဲ မယုံခြင်းတွေ‌အပြည့်အဝပါနေသည့်ပြုံးခြင်းမျိုးဖြစ်သည်။

"ဒီနေ့စာချုပ်သွားချုပ်တော့ သတင်းတစ်ချို့ကြားလာတယ်"

"ဘယ်လိုမျိုးလဲ"

"ငါ့ကို မွေးတဲ့အမေ ဆုံးသွားပြီတဲ့"

အစ်ကိုက တစ်ခါမှနာမည်အရင်းကို ထုတ်မပြောဖူး။ ထို့ကြောင့် အလိုက်သတိနဲ့ ခြားဘာမှမမေးဘဲ တောက်တဲ့ဟုသာမှတ်ထားဖြစ်သည်။

"ငါ့ကိုစွန့်ပြစ်ခဲ့တဲ့ အမေက အခုထပ်ပြီးငါ့ကိုစွန့်ပြစ်သွားပြန်ပြီ"

"အစ်ကို ကောင်းကောင်းအနားယူပါ ဒီရက်ပိုင်း ကျွန်တော့်ကို မကူလည်းရတယ်"

"မဟုတ်တာ အစ်ကိုက ဘယ်လိုမှမမြိုသိပ်နိုင်တော့လို့ဖွင့်ပြောမိသွားတာ ပြီးတော့ ခြားကို အစ်ကို့ရဲ့ညီအရင်းတစ်ယောက်လိုချစ်လို့ ပြောပြ‌တာ..."

"ကျွန်တော့်ထက် အစ်ကို့မိသားစုက ပိုဆိုးတာပဲ"

ခြားက မိဘတွေဆီက စွန့်ပြစ်ခံရပေမဲ့ အဖိုးရှိခဲ့သေးသည်။ အစ်ကိုက ဘယ်သူမှမရှိခဲ့။

ဘယ်လောက်ထိချစ်လဲ!?(Completed)Opowieści tętniące życiem. Odkryj je teraz