Part(31) Unicode

6.2K 239 1
                                    

အပိုင်း(၃၁)

"ဒုန်း!.."

ကားတစ်စီးနဲ့တစ်စီးတိုက်ခတ်မှု။ အရှိန်ပြင်းတာကြောင့် အထိအခိုက်က များမည်ဆိုတာ ပက်လက်လှန်သွားတဲ့ ကားက သက်သေပြနေသည်။ အိမ်စီးကားနှစ်စီး(အဖြူ/အနက်)တိုက်မှုမှာ တစ်ဖက်က သူ့လမ်းကြောင်းအတိုင်းမှန်ပေမဲ့ တစ်ဖက်က ရှေ့မကြည့်နောက်မကြည့်အရှိန်တင်မောင်းနှင်လာသည့်အခါ အရှိန်မထိန်းနိုင်ဘဲ တိုက်မိကြတော့သည်။

ထိုနေရာမှာ တစ်ခဏအတွင်း လူအုံတို့စုပြုံသွားရ၏။ အရေးပေါ်ယာဉ်ကို ခေါ်သူကခေါ်။ သေလားရှင်လားစပ်စုချင်ကြတဲ့လူတွေက ကွက်ကြည့်ကွက်ကြည့်။ ပေါက်ကွဲမှာဆိုးလို့ အနားကိုလည်းမသွားရကြ။ ကြည့်ယုံပဲတတ်နိုင်သည့် လူအများစု။

ကားအဖြူရောင် တစ်နည်းအားဖြင့် ‌လှန်သွားသည့်ကားဖြူထဲမှာ မောင်းသူက မိန်းကလေး။ ဇောက်ထိုးဖြစ်နေသည့်အနေအထားကြောင့် ရှင်လားသေလားဘယ်သူမှမခန့်မှန်းနိုင်ကြ။ သေချာတာက အသက်ရှင်ဖို့ရာနှုန်းအတော်လေးနည်းမည်ဆိုတာပင်။

ကားဖြူလေးထဲမှာ စန္ဒာစုတစ်ယောက် နောက်ဆုံးအသိစိတ်ထဲမှာ ညီမလေးနဲ့ ခြားတို့ပျော်ရွှင်နေသည့်မြင်ကွင်းက နေရာယူထားလေသည်။ ပြုံးပျော်နေတဲ့သူတို့။ မျက်ရည်ကျနေရတဲ့ စု။

စု ခြားရယ်တတ်မှန်း မသိခဲ့။ အမြဲတမ်းရုပ်တည်ကြီးနဲ့ မျက်ခုံးတွေတွန့်ချို့တတ်တဲ့ခြားက ကူးကူးနဲ့ကျ ရယ်နေလိုက်တာများ။ သွားတွေအကုန်ပေါ်သည်အထိ။ တစ်ကမ္ဘာမှာ နှစ်ယောက်တည်းရှိသလိုမျိုးရယ်နေခဲ့တာ။

အချစ်က ရက်စက်လိုက်လေခြင်း။ စုက အရင်ချစ်ခဲ့တာကို တစ်ကယ်ဆို စုရခဲ့သင့်တဲ့အရာလေ။ စုပိုင်ဆိုင်ရမဲ့အရာ။

အရာ...ခြားကသက်ရှိလူသားတစ်ယောက်ဆိုတာ စုမေ့နေခဲ့သလား။ ခြားက အရာဝတ္ထုမဟုတ်သလို ခြားရွေးချယ်ခဲ့သည့်အချစ်ကလည်း စုမဟုတ်ခဲ့။

တစ်ချိန်က စုလည်း ခြားရဲ့အချစ်ကိုရခဲ့ဖူးသည်။ သေချာတိကျစွာပြောရလျှင် ခြားနဲ့တွဲဖူးသည့်ပထမဆုံးမိန်းမလို့တောင်ပြောလို့ရသည်။

ဘယ်လောက်ထိချစ်လဲ!?(Completed)Where stories live. Discover now