အပိုင်း(၃၀)
"ကိုကြီး!.."
"အင်း"
"နောက်ခါ ကူးက ကိုကြီးလို့ခေါ်ရင် ဗျာလို့ ထူးပေး"
"ဘာလို့လဲ"
"အဲ့လိုလေးနားထောင်ချင်လို့"
"အင်း ဟုတ်ပြီ ကိုယ်ပြောင်းပေးမယ်"
"ဟီးဟီး!.."
ကူးကူး သဘောကျစွာရယ်ရင်း ကိုကြီးရင်ခွင်ထဲတိုးဝင်ကာ ရင်ဘတ်ကျယ်ကြီးကို စိတ်ရှိလက်ရှိ ပွတ်သပ်လိုက်သည်။
"ငြိမ်ငြိမ်အိပ်နော် ညဘက်ကို ကိုယ့်ကိုလာမဆွနဲ့...အခုက မင်းက ကိုယ့်နောက်လိုက်လာတာနော်"
"မအိပ်ချင်ပါဘူး..."
"အပြစ်ပေးမှမငိုနဲ့နော်"
"ငိုအောင်လုပ်ရင်ငိုမှာပဲ "
"အဲ့တာက ပျော်လို့ငိုတာပဲဖြစ်ရမယ်"
ကူး ဘာမှမပြောဘဲ ကိုကြီးကိုသာ တိုးဝှေ့ဖက်ထားမိသည်။
"အိပ်တော့ မနက်ကျ စောစောနိုးပေးမယ်"
"ဟုတ်!.."
ကိုကြီးက ကူးကျောပြင်ကို ဖွဖွပုတ်ကာ ချော့သိပ်လျှင် တစ်ခဏအတွင်း အိပ်ပျော်သွားတော့သည်။
♡。♡♡。♡。♡♡。♡。♡♡。♡。♡♡。♡。
ညတစ်နာရီ...
ဝရန်တာ အပြင်ဘက်မှာ ဆေးလိမ်ငွေ့တွေ တငွေ့ငွေ့ပျံ့နှံ့နေပြီး ရှေ့ဘက်ကမြင်ရတဲ့ ညဘက်မြင်ကွင်းကို ငေးမောကြည့်ရင်း ခြားအတွေးတွေ တခြားစီကို ရောက်နေခဲ့သည်။
"ကိုကြီး!.."
အိပ်မပျော်လို့ ဆေးလိမ်သောက်နေသည့်သူ့ကို နောက်ကနေဖက်တွယ်လာသည့်လက်တစ်စုံ။
"ဘာလို့ထလာတာလဲ အစောကြီးရှိသေးတယ်"
ခြားသည် ဆေးလိပ်ကို အမြန်မီးသတ်လိုက်ရင်း စကားဆိုသည်။
"ဘေးနားမှာ ကိုကြီးမရှိလို့ နိုးလာတာ"
"ကိုယ်လည်းပြန်အိပ်တော့မှာပါ လာ...အိပ်မယ်"
ဖက်ထားသည့်လက်ကိုဆွဲဖြုတ်ပြီး မျက်နှာချင်းဆိုင်တော့ ကူးကူးက ခြားမျက်နှာကို လက်နှစ်ဖက်နဲ့ကိုင်လိုက်သည်။
BẠN ĐANG ĐỌC
ဘယ်လောက်ထိချစ်လဲ!?(Completed)
Lãng mạnထူးခြားပုံရိပ် ♡ စန္ဒရာကူး "ကူးဘက်က ခြေလှမ်းတစ်ရာမှာ ကိုးဆယ့်ကိုးလှမ်းထိလှမ်းနိုင်တယ် ဒါပေမဲ့ ကျန်တဲ့တစ်လှမ်းကိုတော့ ဘယ်တော့မှမလှမ်းဘူး လွှတ်နေတဲ့တစ်နေရာက ကူးတို့အဆင်မပြေမှုတွေကို ယူဆောင်သွားအောင်လို့ ဒါကြောင့် ကိုကြီးဘက်ကတစ်လှမ်းမှမတိုးလည်းရတယ်...