Part(2) Unicode

6.4K 200 4
                                    

ဘယ်လောက်ထိ ချစ်လဲ...?

အပိုင်း(၂)

၂၀၁၁ခုနှစ်၊ ဂျူလိုင်လ။

ခြားထပ်ပြီး ဒယ်ဒီရှိတဲ့အိမ်ကို ခြေချရပြန်သည်။ ခြားပြန်လာတာကိုတော့ ဒယ်ဒီသိနိုင်တော့မှာမဟုတ်။ ဒယ်ဒီက ဘယ်သူမှပြန်မလာနိုင်တဲ့လမ်းကို ထွက်သွားပြီဖြစ်သည်။ ရုတ်တရက်နှလုံးဖောက်ပြီး အသက်ပါသွားတာ။

ခြားအသက်(၁၈)နှစ်ပြည့်တဲ့နေ့မှာ ‌အဖိုးရဲ့ရှေ့နေကြီးဆီကနေ အဖိုးချန်ထားခဲ့သည့်အမွေတွေရရှိခဲ့သည်။ အမွေရသည်နှင့် ဒယ်ဒီရှိတဲ့အိမ်မှာ မနေတော့ဘဲ ကိုယ့်ဒူးကိုယ်ချွန်မည်ဟု ကြွေးကြော်ကာ အိမ်မှထွက်ခဲ့သည်။ အရင်ဆုံး အဖိုးချန်ထားခဲ့တဲ့အမွေထဲမှာ ကွန်ဒိုတိုက်ခန်းတစ်ခန်းရှိသည်။ ထိုကွန်ဒိုမှာနေပြီး သူစိတ်ဝင်စားရာ ဓာတ်ပုံရိုက်ခြင်းကို စတင်သင်ယူခဲ့သည်။ တစ်နှစ်ဆိုတဲ့အချိန်အတောအတွင်းမှာဆို ခြားသည် အတော်အတန်နာမည်ရလာပြီဖြစ်သည်။

ခြားမထွက်သွားခင်ကတောင် အကောင်းအတိုင်းရှိနေသည့်ဒယ်ဒီက တစ်နှစ်အတွင်းမှာဘယ်လောက်တောင် စိတ်ဆင်းရဲခဲ့လဲ ဒယ်ဒီပဲသိလိမ့်မည်။ ဒယ်ဒီက သူ့လမ်းကို သူ့ဘာသာရွေးချယ်ခဲ့တာ။

"အခုမှ ဝမ်းနည်းပြလဲ မထူးဘူး ထူးခြား...သေတဲ့သူက သေသွားပြီ"

မယားပါသားကောင်းကင်က ဘေးနားကပ်ကာ တိုးတိုးလေးပြောသည်။ ခြားရုပ်ကဝမ်းနည်းသည့်ပုံမပေါက်ဘဲ ပုံမှန်လိုပဲဆိုတာ ကောင်းကင်လည်းသိမည်ထင်သည်။

"အဖေသေတာကို ပျော်ပြီးခုန်ပေါက်ပြရင် ကျေနပ်မဲ့သူက မင်းအမေပဲဖြစ်လိမ့်မယ် ငါက မင်းအမေရဲ့ဇာတ်လမ်းကိုတော့ ပီပြင်အောင်မဖြည့်ပေးနိုင်ဘူး"

"ငါ့အမေကို မစော်ကားနဲ့"

"မင်းလည်း မင်းအပေါ်အဖေလိုကောင်းတဲ့သူအပေါ် မလေးမစားမလုပ်နဲ့"

ကောင်းကင်အံကြိတ်ကာ ခြားကို သတ်ပစ်တော့မတတ်စိုက်ကြည့်သည်။ ခြားကတော့ ဘာမှမဖြစ်သလို ‌အေးအေးဆေးဆေးရပ်နေ၏။

ဒယ်ဒီက သူ့ဇနီးနဲ့ပါလာတဲ့ကလေးအပေါ် ချစ်ပေးခဲ့ပေမဲ့ သူတို့ကတော့ ဒယ်ဒီ့ကိုမချစ်ဘူးဆိုတာ ဒယ်ဒီသိရဲ့လား။ ဒယ်ဒီက အဝေးက သူ့ကိုပဲ အပြစ်မြင်တတ်ပြီး အနီးမှုန်နေတာသိသွားရဲ့လား။

ဘယ်လောက်ထိချစ်လဲ!?(Completed)Onde histórias criam vida. Descubra agora