Part(16) Unicode

5.4K 178 1
                                    

ဘယ်လောက်ထိ ချစ်လဲ...?

အပိုင်း(၁၆)

"ခြားဟိုမှာ ကူးကူးမလား"

အပေါ်ရောက်ရောက်ချင်း ဝိုင်းပြည့်အပြောကြောင့် ခြား ဝိုင်းတွေကိုဝေ့ကြည့်လိုက်တော့ အလယ်ဝိုင်းမှာ သူငယ်ချင်းနဲ့နှစ်ယောက်တည်းထိုင်နေသည့် ကူးကူးကိုတွေ့လိုက်ရသည်။ သူမကတော့ တွေ့ပုံမပေါ်။ 

ခြား ဘာမှမပြောဘဲ ထောင့်ဆုံးက ထို‌င်နေကျဝိုင်းမှာဝင်ထိုင်လိုက်သည်။ ထိပ်ဆုံးထပ်က သီးသန့်အေးဆေး အပန်းဖြေသူတွေအတွက် သီးသန့်စားပွဲဝိုင်းဖြစ်တာမို့ အကုန်လုံးက တသီးတသန့်။

"ကူးကူးက ညဘက်အပြင်ထွက်လို့ရတာလား"

"ငါဘယ်လိုသိမှာလဲ"

"မင်းတို့အဆက်အသွယ်တစ်ကယ်မရှိတာလား"

"မရှိဘူး"

ခြားက မသိမသာဝေ့ဝဲကြည့်ရင်းဖြေသည်။

"ကူးကူးကပိုချောလာတယ်နော်ခြား"

မှန်သည်။ မတွေ့တာကြာတဲ့အတောအတွင်း ကူးကူးသည်တစ်ကယ်ပြောင်းလဲလာသည်။ ဘိုမရုပ်လို ချောမွေ့ပြေပြစ်နေတာမဟုတ်ပေမဲ့ သူ့ခန္ဓာ၊သူ့sizeနဲ့တော့ ရှိလာသည်။ ရုပ်ရည်ကလည်း မှုံနေအောင်ချောတာမဟုတ်ပေမဲ့ မျက်လုံးပြူးပြူး၊နှုတ်ခမ်းဆူဆူလေးနဲ့ မျက်တောင်ရှည်လေးတွေက သူမနဲ့လိုက်ဖက်သည်။ အရင်လိုတော့ ပါးဖောင်းဖောင်းလေးတွေမရှိတော့။ ‌ဆေးတက္ကသိုလ်ကအရမ်းပင်ပန်းလွန်း၍ မရှိတာမဆန်း။ ဆန်းတာက ညဘက်ကို ဘားရောက်နေခြင်း။

"ဟိုတလောက ငါ ‌ဆေးကျောင်းကိုရောက်ခဲ့သေးတယ် ကူးကူးက နာမည်ကြီးနေတာကွ ချစ်စရာကျောင်းသူလေးဆိုပြီး ရည်းစား‌ရနေပြီထင်တယ်"

ဝိုင်းပြည့်က ဘေးကနေစွပေးသည်။ ခြားမကြားချင်ယောင်ဆောင်နေပေမဲ့ အံ့ကြိတ်သွားတာတော့တွေ့လိုက်ရ၍ ဝိုင်းပြည့်ကြိတ်ပြုံးသည်။

ထိုစဉ် ကူးကူးက အပေါ်ထပ်ကိုချွတ်သည်။ ပုခုံးသားနဲ့ ခန္ဓာကိုယ်အချိုးအစားကပိုပြီးပေါ်လွင်လာတာမလို့ ခြားမျက်ခုံးတို့တွန့်ချိုးကုန်သည်။ ကူးကူနဲ့သိလာတာ နှစ်တွေကြာပေမဲ့ ရင်ပြတ်၊crop-topဝတ်တာမျိုးမတွေ့ဖူး။ ခါးတိုနဲ့ဂျင်းဘောင်းဘီ၊ မဟုတ်ရင် ဂါဝန်တို့လောက်ပဲဝတ်ခဲ့တာ။အလွန်ဆုံးခါးပဲပေါ်တာ။

ဘယ်လောက်ထိချစ်လဲ!?(Completed)Hikayelerin yaşadığı yer. Şimdi keşfedin