Part(29) Unicode

5.6K 267 7
                                    

အပိုင်း(၂၉)

"ကူးကူးနဲ့ဖြတ်လိုက်!.."

စန္ဒာစုက ခြားနဲ့တွေ့တိုင်း ထိုစကားကို ပြောတတ်သည်။ အရင်ကစိတ်နဲ့ဆို ရွဲ့ပြီး ငယ့်ကို ရအောင်ယူပြမယ်ဆိုပြီး ပြောတတ်ပေမဲ့ အခုတော့ ခြားသည် တည်ငြိမ်နေခဲ့သည်။ တစ်ကယ်ချစ်လို့ ရအောင်ယူမှာဖြစ်ပြီး ရွဲ့ချင်စိတ်ကြောင့် ရအောင်ယူမှာမျိုးမဟုတ်။ စိတ်ထဲမှာ သူကငယ့်ကိုရွေးချယ်ထားပြီး ငယ်ရဲ့အဝေးကိုထွက်မသွားဖို့ ဆုံးဖြတ်ထား၍ဖြစ်သည်။

"ခင်ဗျားက ဘာလုပ်ပိုင်ခွင့်နဲ့လဲ"

"ရှိတယ် ငါက နစ်နာသူပဲ နင်က လူယုတ်မာ"

"ဘာကိုဆိုလိုတာလဲ"

"လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်က နင်ကျောင်းထုတ်ခံရတယ် အဲ့မှာငါက နစ်နာသူလေ နင်က ငါ့ကို မနမ်းခဲ့ဘူး အနိုင်မကျင့်ခဲ့ဘူးဆိုပေမဲ့ မှတ်တမ်းမှာကျ နင်က အနိုင်ကျင့်ခဲ့ဖို့ကြိုးစားခဲ့တယ်ဆိုတဲ့မှတ်တမ်းရှိတယ်...အဲ့တုန်းက နင့်ဘက်မှာဘယ်သူမှမရှိခဲ့ဘူး အဖေအရင်းဖြစ်တဲ့ နင့်ဒယ်ဒီအထိ"

"ဒါက ဘာအရေးပါမှာလဲ"

"ဒီကိစ္စကို ငါ့မိဘတွေမသိဘူး ကြီးကြီးနဲ့တင် ပြီးသွားခဲ့တာ"

"ဘာကိုဆိုလိုတာလဲ"

"ငါ အဲ့ကိစ္စကို ဒယ်ဒီတို့ကို ပြောပြမှာ သေချာပေါက် အဲ့ကိစ္စကို သိသွားကြရင် နင်နဲ့ ကူးကူးကို ဘယ်နည်းနဲ့မှသဘောမတူဘူးဆိုတာ ငါသေချာပေါက်ပြောရဲတယ် ဘယ်လောက်ပဲ နင့်ဘက်က မဟုတ်ဘူးပြောပြော သက်သေက ရှိနေပြီးသား ဘယ်မိဘကမှ အကြီးကို စော်ကားဖို့ကြံတဲ့သူကို အငယ်နဲ့မပေးစားဘူး ဒါက သတိပေးတာ...ငါက ဘယ်သူမှမထိခိုက်ခင် သတိပေးတာ ငါက နင့်ကို ငါ့ရဲ့မိသားစုဝင်အဖြစ်လက်မခံနိုင်ဘူး"

"စန္ဒာစု"

ခြား ကိုယ်မှန်ရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးလို့ ကြွေးကြော်‌ထားခဲ့တာ။ ဘယ်သူတွေက ဘယ်လိုထင်နေပါစေ ဂရုမစိုက်ဘူးဟု ခံယူထားတာ။ စန္ဒာစုကိစ္စမှာလည်း သူမှန်တာ သူသိရင်ရပြီဆိုတဲ့စိတ်နဲ့ဂရုမစိုက်ဘဲ နေခဲ့သည်။

"သေချာပေါက် ကူးကူးကတော့ နင့်ဘက်မှာနေမှာပေါ့ ဒါပေမဲ့ ဂရုမစိုက်ဘဲ လက်ထပ်ဖို့အထိ စဉ်းစားထားတယ်ဆိုရင် နင်တစ်သက်လုံး နင့်မိန်းကလေး ဝမ်းနည်းနေတာကို မြင်ရ‌လိမ့်မယ် မိဘရှိရက်နဲ့ မိဘကို မတွေ့ရတော့ဘူး ဒါကို ကြုံဖူးတဲ့နင်က ပိုသိမှာပဲ"

ဘယ်လောက်ထိချစ်လဲ!?(Completed)Onde histórias criam vida. Descubra agora