အပိုင်း(၁၈)
"အား ငါသေတော့မလိုပဲ"
လက်တွေ့ပြီးသည့်အခါ မြတ်နိုးသည် ပင်ပန်းစွာ စားပွဲပေါ် ခေါင်းချလိုက်ပြီးဆိုသည်။ အခုက ဆေးရုံကဝန်ထမ်းတွေနားနေသည့်အခန်းမှာဖြစ်သည်။ ကူးကူး ကိုကြီးပေးသွားသည့်မုန့်တွေကို စားပွဲပေါ်တင်လိုက်သည်။
"အစာစားနိုင်သေးလား ကိုကြီးကအများကြီးလာပို့သွားတယ်"
"စားလို့ဝင်ပါ့မလား ခဏကမှခွဲထားတာကို"
"အယ် နင်ကလည်း ပြန်မတွေ့းနဲ့လေ လာ...ထ ကိုကြီးက ကြက်ကြော်တွေရော ဘာဂါတွေရော အသားညှပ်ပေါင်မုန့်တွေ့ပါပါတယ် နိုးနိုး ထ! အစာစား"
"အင်း!.."
မြတ်နိုးကိုအတင်းကျွေးမှ စားတော့သည်။ ကူးကူးတို့စားနေစဉ် နောက်ထပ်ဆရာဝန်နှစ်ယောက်အခန်းထဲဝင်လာသည်။ ဆရာဝန်နှစ်ယောက်လို့သာပြောတာ ကူးတို့လို အရွယ်လောက်သာရှိမည်။ ယောက်ျားလေးတစ်ယောက်၊မိန်းကလေးတစ်ယောက်။ ရုပ်ကဆင်တူလေးတွေ။
"ဆရာက ဒီမှာနားလို့ရတယ်ပြောလို့"
"ရတယ် လာလေ"
"အင်း "
နှစ်ယောက်က စားပွဲဝိုင်းတစ်ခုထဲမှာ ဝင်ထိုင်သည်။
"ဘာစားပြီးပြီလဲ"
"ဟင့်အင်း မစားရသေးဘူး"
"ဒါဆို ဒါတွေထဲက ကြိုက်တာစားလို့ရတယ် ဖျော်ရည်သောက်ချင်ရင်လည်းအဆင်ပြေတယ်"
"အင်း ကျေးဇူးပဲ"
ကူးဘက်ကစားလို့ရတယ်ပြောပေမဲ့ ထိုနှစ်ယောက်က ထိတောင်မထိ။
"ငါက ယူရီ! သူက နေရီ ငါတို့တစ်ကျောင်းတည်းပဲ အမွှာမောင်နှမတွေ"
"ဒါကြောင့် ရုပ်လေးတွေအရမ်းဆင်တယ်လို့ နိုးနိုးတွေးလိုက်မိသေးတယ် အခန်းမတူလို့ မတွေ့ဖြစ်ဘူးပဲ သူက စန္ဒရာကူးပါ ငါက မြတ်နိုး"
"နင်တို့ကို တစ်ခါတစ်လေ မြင်တယ် ဆေးရုံပါတူမယ်လို့မတွေးမိဘူး"
"အင်း အခုတူတော့ အဖော်ရတာပေါ့"
ကူးတို့ ထိုမှစ၍ မိတ်ဖွဲ့လိုက်ရာ ခင်မင်သွားကြပြီး စားပွဲပေါ်က မုန့်တွေလည်းကုန်သွားတော့သည်။ စကားပြောရင်း နာရီကြည့်တော့ ဆယ်နာရီထိုးကျော်နေပြီ။ ထို့ကြောင့် ကူးထရပ်လိုက်သည်။
ESTÁS LEYENDO
ဘယ်လောက်ထိချစ်လဲ!?(Completed)
Romanceထူးခြားပုံရိပ် ♡ စန္ဒရာကူး "ကူးဘက်က ခြေလှမ်းတစ်ရာမှာ ကိုးဆယ့်ကိုးလှမ်းထိလှမ်းနိုင်တယ် ဒါပေမဲ့ ကျန်တဲ့တစ်လှမ်းကိုတော့ ဘယ်တော့မှမလှမ်းဘူး လွှတ်နေတဲ့တစ်နေရာက ကူးတို့အဆင်မပြေမှုတွေကို ယူဆောင်သွားအောင်လို့ ဒါကြောင့် ကိုကြီးဘက်ကတစ်လှမ်းမှမတိုးလည်းရတယ်...