Part(10) Unicode

5.4K 181 3
                                    

အပိုင်း(၁၀)

ကိုကြီးက ကူးကိုစကားမပြောဘဲ သူ့အိမ်ဆီခေါ်လာသည်။ ပြီးနောက် ဘာမှမပြောဘဲ အလုပ်ခန်းဆီဆင်းသွား၍ ကူးလည်း ဘာမှမပြောဘဲ နောက်ကလိုက်လာမိသည်။

"ကိုကြီး..."

ကိုကြီးက ဘာမှမပြောသေးဘဲ စိုက်ကြည့်သည်။

"ကိုကြီး ကူးအဲ့မှာရှိတာဘယ်လိုသိတာလဲ"

"ဘီယာဘယ်နှဘူး‌သောက်ခဲ့လဲ"

"ဟင်!.."

မေးတာကို မဖြေဘဲ ပြန်မေးလာတာကြောင့် ကူးချင်ချင်းပြန်မဖြေနိုင်ဘဲ ကြောင်သွားသည်။ ပြီးမှ...

"တစ်ခွက်ပဲ မြတ်နိုးအတင်းတိုက်လို့"

"ကောင်းတယ် သူငယ်ချင်းကိုလွှဲချနေတယ်"

"တစ်ကယ်ပြောတာ"

"နောက်ခါ မိန်းကလေးတွေချည်းဆို မသောက်နဲ့ ဘေးနားက ယုံကြည်ရတဲ့ယောက်ျားလေးဖြစ်ဖြစ် အစ်ကိုဖြစ်ဖြစ်ပါမှ သောက်! မင်းတို့ထင်သလို လောကကြီးက မရိုးသားဘူး"

သုံးယောက်သားက ကျား၊မမရွေးလာတဲ့ဆိုင်မှာ အပီအပြင်နဲ့ဘီယာတွေယူချလာပြီးသောက်နေကြတယ်တဲ့။ အလုပ်ကိစ္စနဲ့အပြင်မှာရောက်နေစဉ် ဝိုင်းပြည့်နဲ့ဖုန်းပြောရင်းကြားလိုက်ရတာဖြစ်သည်။ ဝိုင်းပြည့်ကလည်း အဲ့မှာရှိနေခဲ့တာတဲ့။

အစက စကားလုံးကြမ်းတွေနဲ့ပြောပြီး အသိစိတ်ဝင်အောင် ပြောမလို့။ မျက်နှာကိုမြင်လိုက်ရတော့ စကားတွေက ထင်သလိုမဟုတ်ဘဲအဆင်ချောနေသည်။ သူ ဆူဖို့ ဒီအထိခေါ်လာတာက အချည်းနှီးဖြစ်၏။

"ဒါက ကိုယ့်ရည်းစားအနေနဲ့ ဆင်ခြင်ခိုင်းတာလား မဟုတ်ရင် အစ်ကိုတစ်ယောက်အနေနဲ့ဆင်ခြေခိုင်းတာလား"

"မင်းထက်အသက်ကြီးတဲ့သူအနေနဲ့ ပြောနေတာ"

ကိုကြီးအဖြေကြောင့် ကူးနှုတ်ခမ်းကိုအနည်းငယ်ဆူလိုက်ကာ ကိုကြီးအနားတိုးကပ်လာလိုက်သည်။

"ဆိုင်ကိုဘယ်လိုသိတာလဲ"

"လမ်းကြုံလို့"

"ကိုကြီးက ဟော့ပေါ့ဆိုင်ဘာလာလုပ်တာလဲ"

"ချိန်းထားတာရှိလို့"

ဘယ်လောက်ထိချစ်လဲ!?(Completed)Where stories live. Discover now