Part(19) Unicode

5.2K 190 7
                                    

အပိုင်း(၁၉)

"တောင်းပန်ပါတယ် နေရီ!.."

ကူးကူး အသံတိုးတိုးနဲ့အားနာစွာ တောင်းပန်မိသည်။ တစ်ကယ်မထင်ထားတဲ့အခြေအနေမလို့ ကူးကူးလည်းတားဆီးချိန်မရလိုက်။ ကိုကြီးဘက်ကကြည့်ရင် ကူးမျက်နှာကိုကိုင်သလိုမြင်ရတဲ့အတွက် စိတ်တိုသွားမှာအမှန်ပင်။ ပြီးတော့ မြတ်နိုးနဲ့ယူရီက Toilet သွားခဲ့တဲ့အချိန်။ နေရီကလည်း ပါးစပ်ကမပြောဘဲ လုပ်ခဲ့တာဆိုတော့ ကိုကြီးဒေါသထွက်တာမှန်သည်။ သို့သော် မမေးမမြန်းဘဲ ထိုးချလိုက်တာတော့ မှားသည်။

လာကြိုပေးဖို့လာတာဝမ်းသာပေမဲ့ ဒီလိုမြင်ကွင်းမျိုးမြင်‌စေချင်တာမျိုးတော့မဟုတ်ခဲ့။ သို့သော်လည်း ကိုကြီးက ကူးကိုချစ်စကားတွေ‌မပြောပေမဲ့ တခြားယောက်ျားလေးနဲ့ဆို သဝန်တိုတတ်တာသိခဲ့ရပြီ။ ဒါကအဆိုးထဲက အကောင်းဖြစ်လိမ့်မည်။

"ရတယ် အထင်လွဲတာပဲ"

"နေရီ နင့်မျက်နှာတစ်ခုလုံးယောင်လာတာနော် ဒါကို နင်က မေတ္တာရှင်ကြီးလုပ်မလို့လား"

ကြားထဲက ယူရီက စိတ်ဆက်ပြီးဝင်ပြောသည်။ ယူရီစိတ်တိုနေတာမှန်ပေမဲ့ အကုန်လုံးကိုကြီးအမှားတော့မဟုတ်ဘူးလေ။ တစ်ကယ်ဆို ကူးပါးမှာပေနေတယ်ဆိုတာပြောသင့်တာ။ ပြောရင်ကိုယ့်ဘာသာဖယ်လို့ရတယ်။

"ငါက ဘာမှမပြောဘဲ ဖယ်ပေးမိတာ...တစ်ကယ်ဆို ကူးကူးကိုခွင့်တောင်းရမှာ ငါမှားတာ တော်တော့ ယူရီ"

"ဒါပေမဲ့ ဒီလောက်ထိထိုးချတာတော့မဟုတ်ဘူး အဲ့လာက်အထိမခံဖြစ်နေရင် အစကတည်းက အတူတူလာလေ နေရာတကာ အတူတူလိုက်လာပါလား"

"ယူရီ!.."

ကူးကူးက ကိုကြီးကိုပြောလာ၍ အထိမခံဘဲ အတွ့န်တက်ဖို့ပြင်သည့်အခါ မြတ်နိုးကမပြောဖို့ဝင်တားသည်။ ဒါကမဟုတ်သေးဘူး။ ကိုကြီးက အကုန်လုံးမှားခဲ့တာမှမဟုတ်တာ။

"နင်ဘယ်လိုများသည်းခံတာလဲ အဲ့လူက လုံးဝ psychopathလိုပဲ ငါတို့သာမလာသေးရင် အဲ့နေရာမှာတင် နေရီသေနေလောက်ပြီ တော်ပြီ ငါကတော့ လုံးဝမကျေဘူး တရားစွဲခိုင်းပြစ်မှာ မျက်နှာလှလှလေးအတွင်းဒဏ်ရာကျန်ခဲ့ရင် တစ်သက်လုံးပဲ ဘယ်လိုလုပ်ပေးမလဲ သူ့မျက်နှာမဟုတ်တိုင်း ဒီလိုထိုးချနေတာ"

ဘယ်လောက်ထိချစ်လဲ!?(Completed)Opowieści tętniące życiem. Odkryj je teraz