Special part

8.9K 259 4
                                    

Special part...

"ဒါက ကိုကြီးရဲ့ပါတနာဟောင်းမလား"

"ဟုတ်လား!.."

ကူးနှုတ်ခမ်းတွေ စူထော်သွားရသည်။ ပြီးနောက် ကိုကြီးကို မကျေမနပ်လှမ်းကြည့်လိုက်သည်။ ဒီတစ်ယောက်က ကိုကြီးနဲ့သတင်းထွက်ဖူးတဲ့သူဖြစ်ပြီး အလုပ်အတူတူတွဲလုပ်ဖူးသည့် မော်ဒယ်တစ်ယောက်ဖြစ်သည်။ နာမည်က ဖူးဖူး။

ကိုကြီးက နာမည်ကျော်မော်ဒယ်မဟုတ်ပေမဲ့ နာမည်ကြီးတဲ့အထဲပါသည်။ အစပိုင်း ဓာတ်ပုံဆရာအဖြစ်ရပ်တည်ကတည်းက အင်တာဗျူးတစ်ချို့ဖြေဖူးသည်။ အဲ့နောက်ပိုင်း ဓာတ်ပုံဆက်မရိုက်တော့၍ မဖြေဖြစ်တော့။ အခု စီးပွါးရေးလောကထဲ ဝင်လာတော့ ပြန်ပြီး ဖြေရတာတွေရှိလာသည်။ ဒါကလည်း ကြာကြာမှတစ်ခါသာ ဖြေတတ်သည်။ ကိုကြီးက စိတ်မပါရင် ဘုနဲ့ဘောက်ဖြေတဲ့လူစားမျိုးဖြစ်၍ အင်တာဗျူးသိပ်မဖြေ။

မနေ့က ပါတီတစ်ခုမှာ ဖူးဖူးကိုတွေ့လိုက်ရတာကို အခု ကူးကူးကမကျေနပ်။ ဘေးနားမှာ မိန်းမတစ်ယောက်လုံးပါနေတာကို ဘေးနားကပ်ပြီး သတင်းတစ်ပုဒ်ဖန်တီးသွားသေးသည်။

"ကိုကြီး!.."

"ကိုယ်တွဲတဲ့သူက များတယ်လေ ကိုယ်ဘယ်လိုမှတ်မိမှာလဲဗျာ"

"အခုကိုကြီးမေ့နေလို့ အစပြန်ဖော်နေတာလေ"

ခြားခေါင်းထဲ သတိပေးချက်တွေက တန်းစီဝင်လာသည်။ သတင်းကို ကြည့်ပြီး ကောမန့်တွေသည်းကြီးမဲကြီးဖတ်ပြီး သူ့ကိုရန်ရှာနေသည့်ငယ့်ဘေးဝင်ထိုင်ကာ ခန္ဓာကိုယ်ကို ဆွဲပွေ့ပြီး သူ့ရင်ခွင်ထဲထည့်လိုက်၏။

ငယ်က ပါတော့ပါလာပေမဲ့ ခန္ဓာကိုယ်ကို တောင့်ထားသည်။ ငယ်မလာချင်တာကို သူက အတင်းဆွဲထည့်တဲ့သဘော။

"ငယ် ဒါတွေမကြည့်နဲ့တော့ "

iPad ကို လှမ်းပိတ်ဖို့ပြင်နေသည့် ခြားလက်ကို ငယ်ကရိုက်ချသည်။ နောက်လှည့်ပြီး မျက်စောင်းထိုးသည့်အခါ ခြားမသိသလိုနဲ့ ငယ့်ခါးကို ဆွဲဖက်ပြီး ပုခုံးပေါ်မေးတင်လိုက်သည်။

သူ့ဘဝမှာ နောက်ထပ် နောင်တအရဆုံးက ‌ောက်တလွဲလုပ်မိတာကိုပဲ။ ငယ့်ကိုရွေးချယ်ရမှာကြောက်ပြီး ပါတနာတွေအများကြီးထားခဲ့မိတာကို။ အခုတော့ ငယ်ရဲ့ရွှေစိတ်တော်ငြိုငြင်တာကို တွေ့ကြုံနေရပြီ။

ဘယ်လောက်ထိချစ်လဲ!?(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ