Part(22) Zawgyi

2.4K 22 2
                                    

အပိုင်း(၂၂)

"‌အလုပ်သင်ကို နောက်ခါကျ ဧည့်သည်တွေကို ဆေးရုံဝန်းထဲ ခေါ်ခွင့်မပြုတော့ဘူး ဆရာမတို့က ဒီလိုရှုပ်ရှုပ်ယှက်ယှက်တွေမကြိုက်ဘူး နောက်ခါ မဖြစ်အောင်ဆင်ခြင်ပါ လူအများလာတဲ့နေရာမှာ ဒီအပြုအမူက မသင့်တော်ဘူး"

"ဟုတ်ကဲ့ တောင်းပန်ပါတယ်ရှင် တစ်ကယ်တောင်းပန်ပါတယ်"

ကူး အနူးအညွှတ်တောင်းပန်ခြင်းဖြင့်သာ ကိစ္စကပြီးသွားခဲ့သည်။ ကိုကြီးကောင်းကင်သတိရလာရင် ဘယ်လိုဆက်ဖြစ်မလဲ မသိပေမဲ့အခုလောလောဆယ် ကိုကြီးကိုတစ်ယောက်တည်းထားခဲ့ရတာမလို့ ကူးအမြန်ပင် လူနာဆောင်ဆီလာခဲ့သည်။ ဟိုရောက်တော့ ထင်သည့်အတိုင်း ကိုကြီးက ဆေးမထည့်ဘဲ ပေရပ်နေသည်။

"ကိုကြီး!.."

ကူးခေါ်လိုက်သည့်အခါ ကြည့်တော့ကြည့်လာသည်။ ဘာစကားမှမပြော။

ကူးကူးကို ကောင်းကင်ရိုက်ဖို့ရွယ်တာမြင်တော့ သူ့မသိစိတ်က ဒေါသအုံကြွလာတာဖြစ်သည်။ အသိစိတ်ဝင်လာသည့်အခါ ဒီလိုလုပ်မိမှန်းသိလိုက်ရတော့ ကိုယ့်ကိုကိုယ်ဒေါသထွက်မိသည်။ ဒီကလေးငယ်ကို ခြားဘာလို့အရမ်းစိုးရိမ်သွားတာလဲ။ သို့သော်ခြားမျက်လုံးထဲ ကလေးငယ်ရဲ့အသိုင်းအဝိုင်းကိုမြင်လာသည့်အခါ ထိုအတွေးကို ဖျောက်ဖျက်ပြစ်လိုက်သည်။

"အနာကို ကူး ဆေးထည့်ပေးမယ်"

ကိုကြီးက ဘာမှမပြော။ ကူးဘာသာ အနားသွားကာ သူနာပြုဆီက ဆေးကိုယူပြီး ကိုကြီးကို ဆေးထည့်ပေးဖို့ပြင်သည်။ အရက်ပြန်နဲ့ဂွမ်းစွတ်ပြီး နှုတ်ခမ်းထောင့်က‌သွေးကို သုတ်တော့ တစ်ချက်တွန့်သွားသည်။ သို့သော် နာကျင်သံထွက်မလာ။

ကူးမျှော်လင့်ထားတာ ဒီလိုအခြေအနေမဟုတ်ခဲ့ဘူး။ မဖြစ်နိုင်သေးပေမဲ့ တည်တည်ငြိမ်ငြိမ်နဲ့မှကိုကြီးနဲ့မိသားစုကို ပေးတွေ့စေချင်တာ။

"ဘာလို့ဖုန်းမဆက်တာလဲ"

"ခါတိုင်းလည်း ဆေးရုံဝရောက်မှဆက်တာကို အထူးအဆန်းမေးမနေနဲ့"

"မတူဘူး ခါတိုင်းက ကိုကြီးကောင်းကင် ကူးကိုလာတွေ့မနေဘူး အခုက လာတွေ့တဲ့အချိန်ကွက်တိရောက်လာတာ ကိုကြီးက! ပြီးတော့ ဘာမှမပြောဘဲ ကိုကြီးကောင်းကင်ကိုရန်စနေတာ"

ဘယ်လောက်ထိချစ်လဲ!?(Completed)Opowieści tętniące życiem. Odkryj je teraz