Part(28) Unicode

5.9K 241 2
                                    

အပိုင်း(၂၈)

ကူးကူးအချစ် စစ်မှန်ခဲ့ရင် ကိုကြီးရဲ့အသက်(၂၈)နှစ်မှသည် (၃၂)နှစ်၊(၃၆)နှစ်စသော လေးနှစ်မြောက်သောမွေးနေ့တိုင်းမွေးနေ့တိုင်းမှာ ကူးကူးနဲ့အတူ ဖြတ်သန်းရပါစေ။

ကူးတို့ကို မိဘတွေက သဘောတူပေးပြီး တစ်သက်မခွဲ ကိုကြီးနဲ့အတူ နေရပါစေ။

မမစု မမစုလည်း ကိုကြီးကို မြန်မြန်စွန့်လွှတ်နိုင်ပါစေ။

"ကိုကြီး!.."

"ဗျာ!.."

ကိုကြီးရဲ့ကူးအပေါ်ပြောင်းလဲလာမှု။ တခြားသူတွေအပေါ်မှာ ကိုကြီးက အရင်အတိုင်းပဲဆိုပေမဲ့ ကူးနဲ့ပပတ်သတ်ရင် ပြောင်းလဲလာတဲ့တစ်ချို့သောအကျင့်စရိုက်များ။ စိတ်ရှည်သည်းခံခြင်း။ ဒေါသလျှော့ချခြင်း။ နားလည်ဖို့ကြိုးစားပေးခြင်း။ ကူးအတွေးကို ထည့်သွင်းစဉ်းစားပေးခြင်း။

"ဘာလဲ စကားမပြောဘဲ ကြည့်နေတယ် ကိုယ်ချောလို့လား"

"ဟင့်အင်း! လွမ်းလာလို့!.."

ပြောပြီးရင်ခွင်ထဲအတင်းတိုးဝင်ပြစ်သည်။ ဒါကို ကိုကြီးကအလိုက်သင့်ဖက်ထားပေးကာ ခေါင်းကိုဖွဖွပုတ်ပေးရင်းမှဆိုလာသည်။

"ကိုယ်ကမချောဘူးလား"

"ပြောမိလို့လား "

ရင်ခွင်ထဲမှ ခေါင်းလေးမော့ရင်း ပြုံးစစဆိုမိသည်။

"ဝမ်းနည်းသွားပြီကွာ ကိုယ့်ရည်းစားကို မချောဘူးတဲ့"

"မပြောရသေးပါဘူး"

"ပြောမလို့မဟုတ်လား"

"အာ အဲ့တာကိုပြောတာမဟုတ်မှန်းသိရက်နဲ့"

"မသိဘူး ဘလိန်းတာပဲ ဒါက"

"မဟုတ်ပါဘူးနော် ကူးရည်းစားက ဒီကမ္ဘာမှာ အချောဆုံး ဘယ်သူမှကိုကြီးလောက်မချောဘူး"

"ဒါကြီးကတော့ မြှောက်လွန်းသွားပြီ စိတ်ထဲမပါဘဲ ပြောနေပြန်ပြီကွာ"

"ဟင် တစ်ကယ်ပါဆို"

"မယုံဘူး"

ကိုကြီးကတစ်ခါတစ်လေလည်း ထိုသို့အစချီရစ်တတ်ပါသေးသည်။ ထိုအခါ ကူးကူးရဲ့လက်သုံးစကားက...

ဘယ်လောက်ထိချစ်လဲ!?(Completed)حيث تعيش القصص. اكتشف الآن