အပိုင်း(၂၄)
လွန်ခဲ့သော နှစ်လ...
"တောင်းပန်ပါတယ် ကူး ခဏလောက် ခဏလောက်ပဲ တစ်ယောက်တည်းနေချင်တယ်"
တစ်ခါမှ သူတို့လမ်းခွဲတိုင်း ခြားဘက်ကပဲ ပြတ်ကြောင်းပြောခဲ့တာ။ ပထမဆုံးအနေနဲ့ ကူးကူးဘက်က ဒီလိုစကားပြောခဲ့တာ။
ကွန်ဒိုကို တစ်ခါတစ်ရံရောက်လာတတ်တဲ့ ငယ်မဟုတ်တဲ့ မိန်းကလေးက တခြားသူမဟုတ်ဘဲ သူ့ရဲ့အမေတူ အဖေကွဲညီမဆိုတာ ခြားပြောမထွက်ခဲ့ဘူး။ ပင်ပန်းနေတဲ့ ငယ့်မျက်နှာကိုကြည့်ပြီး အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမဲ့ ရလာလေ ပိုလိုချင်လေဖြစ်တဲ့ သူ့ရဲ့စိတ်က ငယ်ကို နာကျင်စေရသည်။
သူ့ကြောင့် ငယ်က အရမ်းပင်ပန်းနေပြီလေ။ ဒါကို သူက ဆွဲထားသင့်ရဲ့လား။
အဝေးကိုထွက်သွားတဲ့ ငယ်ကို ကားဘတ်မှန်ကတစ်ဆင့်ကြည့်ပြီး လိုက်သွားဖို့ တွန့်ဆုတ်နေခဲ့သည်။ စောင့်ကြည့်ယုံပဲရှိတော့သည်။ ခြား ငယ်နောက်လိုက်ကြည့်ဖို့ တံခါးဖွင့်လိုက်သည့်အခါ တုန်ခါလာသည့်ဖုန်း!..
"Ring!..."
"မေ"ဆိုသည့် အဝင်ကောလ်ကြောင့် ခြားဖုန်းကိုကိုင်လိုက်သည်။
"ဘာလဲ!.."
ဒီအချိန်က စကားအကောင်းပြောချင်စိတ်မရှိ၍ ခြားလေသံမာသွားသည်။
"ဟုတ်ကဲ့ မစင်ဒီယာမေရဲ့မိသားစုဝင်လားရှင်"
"ဟုတ်တယ်..."
အသံက မေ့အသံမဟုတ်၍ ခြားစိတ်ကို ပြန်လျှော့ချလိုက်သည်။ အရေးထဲမှကွာ ကျစ်။
"အခုဆက်တာက ဆေးရုံကပါ မစင်ဒီယာမေက အခု ရန်ကုန်မြို့က ဆေးရုံကြီးမှာပါရှင် လေယာဉ်ပေါ်မှာ ဗိုက်အောင့်လို့ အခု ရန်ကုန်ဆေးရုံကိုပို့လိုက်တာပါရှင် အခုဓာတ်မှန်ရိုက်တော့ အူအတက်ပေါက်လို့ အရေးပေါ်ခွဲစိတ်ရမှာပါ"
"ကျွန်တော် လာခဲ့မယ် မန္တလေးက လာရမှာ...အရင်ခွဲစိတ်လိုက်ပါ ကျွန်တော်တို့ အခုစကားပြောနေတာကို အသံသွင်းထားတယ် ရောက်တာနဲ့လက်မှတ်ထိုးပေးမယ် ပိုက်ဆံကိုအခုလွှဲလိုက်မယ်"
VOCÊ ESTÁ LENDO
ဘယ်လောက်ထိချစ်လဲ!?(Completed)
Romanceထူးခြားပုံရိပ် ♡ စန္ဒရာကူး "ကူးဘက်က ခြေလှမ်းတစ်ရာမှာ ကိုးဆယ့်ကိုးလှမ်းထိလှမ်းနိုင်တယ် ဒါပေမဲ့ ကျန်တဲ့တစ်လှမ်းကိုတော့ ဘယ်တော့မှမလှမ်းဘူး လွှတ်နေတဲ့တစ်နေရာက ကူးတို့အဆင်မပြေမှုတွေကို ယူဆောင်သွားအောင်လို့ ဒါကြောင့် ကိုကြီးဘက်ကတစ်လှမ်းမှမတိုးလည်းရတယ်...