ဘယ်လောက်ထိ ချစ်လဲ...?
အပိုင်း(၇)
"ငါရဲစခန်းသွားတိုင်မယ်! လူယုတ်မာ"
မြတ်နိုးနဲ့ဝေဝေမှာဆို မြတ်နိုးက ကိုကြီးကိုပိုပြီးကြည့်မရသည့်သူဖြစ်သည်။ ကိုကြီးကြောင့် ငိုခဲ့ဖူးကတည်းက စပြီးအမြင်မကြည်တော့တာဖြစ်သည်။
"ဟင့်အင်း"
ကူးကူးက သူ့ကိုကြီးကို အထိမခံ။ ရဲစခန်းသွားတိုင်မယ်ဆိုတော့ အတင်းဆွဲထားသည်။ ငိုနေတာတောင် မျက်ရည်ကထွက်မလာတော့။
"ကူးကူး လွှတ်နော် သူအသက်ပြည့်တိုင်း အသက်မပြည့်သေးတဲ့ကလေးကို အနိုင်ကျင့်တာ...နင်သာမရုန်းရင် ဘယ်အထိဆက်သွားမလဲဆိုတာ နင်သိရဲ့လား..."
မြတ်နိုးက ကူးကူးကိုစိတ်ပူပြီး ပြောသည်။ မြတ်နိုးက ကူးကူးတို့ထက် အသက်တစ်နှစ်နီးပါးကြီးသည့်အလျောက် ပိုပြီးရင့်ကျက်သည်။ ဝေဝေကလည်း မြတ်နိုးဒေါသထွက်တာကြည့်ပြီး တိတ်နေ၏။ ကူးကူးကလည်းဆွဲသာဆွဲထားတာ။ ဘာမှမပြော။
ကူးကူးက မျက်နှာငယ်လေးနဲ့မော့ကြည့်သည်။ ဝေဝေကလည်း စိတ်လျော့ဖို့အတွက် မြတ်နိုးကိုလာဖက်သည်။
"မိကူး နင်ကြပ်ကြပ်သတိထားသိလား"
"တစ်ကယ်တော့ ငါ့အမှားလည်းပါတယ် ငါကကိုကြီးကိုသွားစတာ"
"နင်ဘာတွေကာကွယ်ပြောဦးမလို့လဲ"
"တစ်ကယ် ငါက ကိုကြီးအလုပ်လုပ်နေတာကို နှောင့်ယှက်လိုက်တာ...ကိုကြီးရဲ့အလုပ်ကွန်ပျူတာကို ပါဝါပိတ်ချလိုက်တာ ဒါကြောင့် ကိုကြီးစိတ်တိုသွားတာ ကိုကြီးကထွက်သွားလို့ပြောပေမဲ့ ငါက ပေကပ်ရပ်နေလို့ နမ်းခံရတာ"
ထိုအခါ မြတ်နိုးသည် ကူးကူးကိုအမြင်ကပ်သည့်အကြည့်မျိုးနဲ့ကြည့်လာသည်။ အစကတည်းက ဒီလိုရှင်းပြနေရင် စိတ်တိုမိမှာမဟုတ်။
"မြတ်နိုးကလည်းစိတ်လျှော့လိုက်ပါ ကူးကူးက မတွေ့ဘဲနေနိုင်တာလည်းမဟုတ်ဘဲနဲ့"
"ငါတစ်ကယ်မတွေ့တော့ဘူး...ကိုကြီးက ငါ့အပေါ်ရက်စက်တယ် ဟန်နီနဲ့တွဲနေပြီး ငါ့ကိုနမ်းတယ် မတွေ့တော့ဘူး ကိုကြီးပြန်ခေါ်မှငါခေါ်မှာ"
ŞİMDİ OKUDUĞUN
ဘယ်လောက်ထိချစ်လဲ!?(Completed)
Romantizmထူးခြားပုံရိပ် ♡ စန္ဒရာကူး "ကူးဘက်က ခြေလှမ်းတစ်ရာမှာ ကိုးဆယ့်ကိုးလှမ်းထိလှမ်းနိုင်တယ် ဒါပေမဲ့ ကျန်တဲ့တစ်လှမ်းကိုတော့ ဘယ်တော့မှမလှမ်းဘူး လွှတ်နေတဲ့တစ်နေရာက ကူးတို့အဆင်မပြေမှုတွေကို ယူဆောင်သွားအောင်လို့ ဒါကြောင့် ကိုကြီးဘက်ကတစ်လှမ်းမှမတိုးလည်းရတယ်...