Part(20) Unicode

5.8K 191 4
                                    

အပိုင်း(၂၀)

"သူတို့ကူးကိုအနိုင်ကျင့်တယ်"

ကူးကူးက ခြားကို‌ဖက်ပြီး အသံနွဲ့နွဲ့နဲ့တိုင်ပြောသည်။

"ကိုကြီးဆီသွားရမှာကို ဝိုင်တွေအတင်းတိုက်တယ် ဟွန့်"

မြတ်နိုးနဲ့ဝေဝေက ကူးကူးစကားကြောင့် မျက်နှာသေလေးနဲ့ ‌နှစ်ယောက်သားခါးမတ်သွားကြသည်။ ခြားမျက်နှာတည်တင်းနေတာကြောင့် ဘာပြန်ပြောရမလဲမသိဘဲ ငြိမ်နေကြသည်။ သောက်ထားသည့်အရှိန်ကြောင့် အာလေးလျှာလေးဖြစ်ကုန်တာလည်းဖြစ်နိုင်သည်။

"ကိုကြီးကိုလွမ်းနေတာ"

ခြားဘာမှပြန်မပြောတဲ့အခါ ကူးကူးက ခြားကိုပိုပြီးတိုးဖက်ကာ အလွမ်းသယ်သည်။

"ကိုကြီးကိုအရမ်းလွမ်းနေတာ...ကိုကြီးကိုယ်သင်းနံ့ကအရမ်းမွှေးတာပဲ"

ကလေးမက ခြားကို စိတ်ပျော့အောင် ဆွဲဆောင်သည်။ မူးသာမူးတာ သူ့ကို ဆူငေါက်၊စိတ်ဆိုးမှာတော့ အသေကြောက်သည်။

"လွှတ် စွတ်ဖက်မနေနဲ့..."

"ဖက်မှာပဲ ကိုကြီးကို လွမ်းနေတာကို...ကိုကြီးက မလွမ်းဘူးလား ပြော!.."

"လွှတ်လို့ စကားကို ငါ့မျက်နှာတည့်တည့်ကြည့်ပြီးပြော"

လက်‌မောင်းနှစ်ဖက်ကနေ အတင်းဆွဲမှ လွှတ်သွားသည့်ကလေးမ။

"ငါ့ကိုကြည့်"

"ဒီနေ့ဘာနေ့လဲ"

"ဘာနေ့လဲ"

ကူးကူးကစဉ်းစားသိလိုတွေးတောပြီး ခြားကိုပြန်မေးသည်။ ခြားစိတ်ပေါက်သွားသည်။ လွှတ်နေတဲ့အထိမူးတာမဟုတ်ဘဲနဲ့ ပုံစံက ဘယ်လိုဖြစ်နေရတာလဲ။ ဆယ်ပုလင်းလောက်သောက်မိလို့ဖြစ်နေတဲ့အမူအရာနဲ့။

"ကူးကူး!.."

"ဟင်!.."

"ဒီနေ့က ဘာနေ့လဲ"

ကူးကူးကမျက်လုံးလေး ကလယ်ကလယ်နဲ့စဉ်းစားသည်။ ပြီးမှ သတိရသည့်ပုံစံနဲ့ဖြေလာသည်။

"စ‌နေနေ့!.."

"သိတယ် စနေနေ့ မင်းပြောတဲ့စကားကို သတိရအောင်လို့ မေးနေတာ တောက်စ်...ဘယ်ကအူကြောင်ကြောင်လာလုပ်နေတာလဲ"

ဘယ်လောက်ထိချစ်လဲ!?(Completed)Wo Geschichten leben. Entdecke jetzt