Part(23) Zawgyi

2K 20 1
                                    

အပိုင်း(၂၃)

"ခွပ်!.."

ကိုကြီးက နေရီကို ထပ်မံထိုးလိုက်ပြန်သည်။

"ကိုကြီး!.."

ကူးအသံကုန်အော်ကာ တားလိုက်ပေမဲ့ နောက်ကျသွားခဲ့ပြီ။ ကိုကြီးက လုပ်လိုက်ပြီးပြီဖြစ်သည်။

ကူး နေရီကို ဆွဲထူလိုက်သည်။ ဒီတစ်ခါလက်စကပိုပြင်းသည်ထင်။ နေရီ့နှာခေါင်းကနေ သွေးတွေစီးကျလာသည်။

"တော်ပါတော့!.."

ကိုကြီးက ထပ်မံထိုးဖို့ကြံတဲ့အခါ ကူး နေရီရှေ့ရပ်လိုက်သည့်အခါ ကူးကိုကြည့်နေတဲ့ကိုကြီးအကြည့်က အေးစက်နေသည်။

"ကိုကြီး! "

"ဖယ်နေ!."

"ဟင့်အင်း မဖယ်ဘူး "

"စန္ဒရာကူး"

"ကိုကြီးအထင်မှားနေပြီ"

"ဘာ! မင်းတစ်ကိုယ်လုံး သူ့ရင်ခွင်ထဲရောက်နေတာတောင် အထင်လွဲတာလား"

"ဟုတ်တယ် အထင်လွဲတာ"

အမှန်က ကူးနဲ့နေရီ စားစရာလာဝယ်တုန်း လမ်းဖြတ်ကူးတဲ့အခါ ကားတစ်စီးက မီးပွိုင့်မမြင်ဘဲ လာနေ၍ ကူးတိုက်မိမှာဆိုးပြီး နေရီကလှမ်းဆွဲလိုက်တာဖြစ်သည်။ အရှိန်ပါတာကြောင့် ကူးက နေရီ့ရင်ခွင်ထဲပစ်ဝင်သွားသည်။ တိုက်တိုက်ဆိုင်ဆိုင်ကိုကြီးကလည်း ကူးအတွက်မုန့်လာပို့ရင်း တွေ့သွားပုံရသည်။ ဘာမှမတွေးဘဲ နေရီကိုထပ်မံထိုးသည်။

ဒီတစ်ခါတော့ ကိုကြီးမှားသည်။

"ဒီတစ်ခါတော့ ခင်ဗျားမှားပြီ ကိုထူးခြားပုံရိပ် ကျွန်တော်တို့ကရိုးသားတယ်"

"ပါးစပ်ပိတ်ထား မင်းကိုမေးနေတာမဟုတ်ဘူး"

"ကိုကြီးဘာလို့ရိုင်းနေရတာလဲ"

"မင်းတွဲတဲ့ဘဲက အစကတည်းက လူရိုင်းပဲ လူလိမ္မာနဲ့မှတွဲချင်တာဆို မင်းရှေ့ကလူကိုပဲတွဲလိုက်"

"ကိုကြီးလွန်လာပြီနော် ဘာလို့ကူးကို အကန်တွေပဲပြောနေတာလဲ"

"ဘာလဲ လွန်တာလား...ငါ အမြဲတမ်းအဲ့ကောင်နဲ့မတွဲဖို့ ‌သတိပေးတယ် ဒါပေမဲ့ မင်းဘယ်နှခါနားထောင်လဲ"

ဘယ်လောက်ထိချစ်လဲ!?(Completed)Donde viven las historias. Descúbrelo ahora