Part(4) Unicode

5.2K 144 0
                                    

ဘယ်လောက်ထိ ချစ်လဲ...?

အပိုင်း(၄)

"ဟင် ကိုကြီး"

ခြားပြေးလိုက်လာတော့ ထိုကလေးမအံ့ဩသွားသည်။ မျက်နှာမှာ ပျော်ရွှင်သွားသည့်အမူအရာက အပြည့်အဝပေါ်လွင်နေသည်။ မျက်လုံးဝိုင်းဝိုင်းလေးက အနည်းငယ်ပြုံးနေသယောင်ရှိ၏။

ချစ်ရတဲ့ကိုကြီးက ကူးနောက်ပြေးလိုက်လာသည်။ မမျှော်လင့်ထားပေမဲ့ တစ်ကယ်ဖြစ်နေသည်။

"ဘယ်မှာနေတာလဲ"

"ကိုကြီးအရင်အိမ်ရဲ့ပတ်ဝန်းကျင်"

အရင်အိမ်ဆိုသည့်စကားကြောင့် ခြားခြေလှမ်းတွေရပ်သွားကာ ထိုကလေးမကို စူးစမ်းကြည့်သည်။

ကူးလည်းအခုမှ ထိုစကားကို သတိထားမိကာ ကိုကြီးကို သွားတွေပေါ်သည်အထိ ရယ်ပြလိုက်သည်။

"ကိုကြီးကို အဲ့ပတ်ဝန်းကျင်မှာတွေ့ဖူးတယ်...ပြီးတော့ ဘဘကြီးရဲ့အသုဘကိုလာသေးတယ်မလား ပတ်ဝန်းကျင်ကကြားတာ"

"ဒါဆို အဲ့အထိလိုက်ပို့ပေးမယ် ပြေးနိုင်လား"

"ရှင်!.."

"ပြေးနိုင်လားလို့"

"ဟုတ်!.."

"ပြေးမယ် "

ကိုကြီးက ရှေ့ကနေပြေးထွက်နှင့်သည်။ ကူးပျော်ရွှင်စွာနှင့် ကျောပိုးအိတ်ကို ကိုင်ကာ ကိုကြီးနောက်က ပြေးလိုက်တော့သည်။ ကိုကြီးက ကူးမလိုက်နိုင်မှာဆိုးလို့ ခြေလှမ်းတွေနှေးချပြစ်ကာ ဖြေးဖြေးပြေးပေးသည်။ ကူးကကိုကြီးလောက်မပြေးနိုင်ပေမဲ့ ကိုကြီးနည်းတူပြေးနိုင်ပါသည်။ ကိုကြီးရဲ့နောက်ကျောကိုကြည့်ချင်လို့ တမင် နောက်မှာနေတာ။

လက်ရှိ ကိုကြီးနေတဲ့နေရာနဲ့ ကူးနေတဲ့နေရာကို နာရီဝက်လောက်အကြာမှရောက်တော့သည်။

"အထဲဝင်တော့"

ကိုကြီးကပြောပြီးတာနဲ့ လှည့်ပြန်သည်။

"ကိုကြီး ကူးနာမည်က စန္ဒရာကူးပါ..."

ဘယ်သူကမေးလို့လဲ! ဆိုတဲ့အကြည့်မျိုးနဲ့လှည့်ကြည့်ပြီး ပြန်လှည့်ထွက်သွားသည်။ ကူး ကိုကြီးရဲ့ကျောပြင်ပျောက်သွားမှ အိမ်ထဲဝင်ခဲ့တော့သည်။

ဘယ်လောက်ထိချစ်လဲ!?(Completed)Donde viven las historias. Descúbrelo ahora