Part(26) Unicode

6.3K 270 5
                                    

အပိုင်း(၂၆)

ချော့မလို့ဆိုတဲ့သူက ကြက်ကြော်ဆိုင်ခေါ်လာပြီး ကြက်ကြော်နဲ့ကိုလာ၊အာလူးကြော်နဲ့ တခြားမုန့်တွေပါ မှာပေးနေသည်။

"ဘာလုပ်တာလဲ"

"ငယ့်ကိုစိတ်ကြည်အောင်လုပ်ပေးပြီးမှရှင်းပြမလို့"

ကူးမျက်တောင်ကိုနှစ်ချက်ဆက်တိုက်ခပ်လိုက်ကာ နှာခေါင်းအနည်းငယ်ရှုံ့သည်။ ကိုကြီးဘာတွေလုပ်နေလဲဆိုတာ စဉ်းစားလို့မရတော့။ အတင်းခွါထုတ်တာကို လိုက်ကပ်နေသည်။ ဒါက ကိုကြီးပုံစံမဟုတ်။

"စားလို့ရပြီ!.."

"ကူးကျောင်းသွားရဦးမှာ"

"ဒီနေ့တော့ မနက်ပိုင်းပျက်လိုက်!"

"ဘာလို့ကိုကြီးပြောတဲ့အတိုင်းလုပ်ရမှာလဲ"

"ဒါဆို မှာထားတာတွေမစားတော့ဘူးလား"

"မစားဘူး"

"တစ်ကယ်ပြောနေတာလား"

"တစ်ကယ် ပြန်ပို့ပေး!.."

"အိုခေ တောင်းပန်တယ် ကိုယ်လောသွားတယ် ကျောင်းလိုက်ပို့ပေးမယ်"

ကိုကြီးဘက်က လိုက်လျောလာသည့်အခါ ကူးအနည်းငယ်နေရခက်လာသည်။ ပုံစံနဲ့မလိုက် တောင်းပန်ပြီး နူးညံ့နေသည်။

ကူး တံတွေးတစ်ချက်မြိုချလိုက်သည်။

ထိုနေ့က ကိုကြီးသည် ကျောင်းကိုပို့ပေးပြီး ကူးအချိန်အားတဲ့အခါမှ သိချင်တာရှင်းပြပေးမည်ဟုဆိုကာ ပြန်သွားသည်။

"ဘယ်လိုဖြစ်တာလဲ ပြန်ပြီးပြေလည်ပေးလိုက်တာလား"

မြတ်နိုးက အနားကပ်ကာမေးသည်။ ပြေလည်ပေးလိုက်တာတော့မဖြစ်နိုင်။ ကူးကူးမျက်နှာက တည်နေသလို ကိုကြီးမျက်နှာကလည်း အရင်ကနဲ့မတူ သိမ်မွေ့နေသည်။ (ပြောချင်တာက အရင်ကလို မျက်နှာတည်ပြီး မျက်ခုံးတွန့်ချိုးနေတာမဟုတ်။)

"လာချော့‌တာလား"

"မသိဘူး ထူးထူးဆန်းဆန်းတွေတော့လုပ်သွားတာပဲ"

"ပြောင်းလဲလာတာများလား"

"နည်းနည်း!.."

"ဘာလဲဟာ စိတ်ဆိုးပြေချင်နေတာလား"

ဘယ်လောက်ထိချစ်လဲ!?(Completed)Donde viven las historias. Descúbrelo ahora