အပိုင္း_3(U)

1.6K 125 3
                                    

အညိုဖျော့ရောင် နှစ်ထပ်တိုက်ကြီး၏ ဆင်ဝင်အောက်မှာ အရန်သင့်ရပ်ထားတဲ့အနက်ရောင်ကားဆီကို ရောက်တော့ ကားပေါ်မှဆင်းလာသူရဲ့ ၀တ်စားဆင်ယင်ပုံက အရင်နေ့တွေနဲ့မတူ။အနောက်တိုင်းဆန်ဆန်Suitကို ကျကျနန ဝတ်ထားပုံက တစ်မူထူးခြားကာလိုက်ဖက်လို့နေသည်။ကားတံခါးဖွင့်ပေးသည့်ပုံစံကတော့ အရင်နဲ့တွေလို ရိုသေစွာပင်။

မီးရောင်စုံတွေ၊ကားရောင်စုံတွေနဲ့မို့ မန္တလေးမြို့ရဲ့ ညအလှက တည်ငြိမ်လို့နေသည်။ကားမောင်းသူက ရှေ့ကို အာရုံစိုက်နေပြီး နီ ကတော့ မှန်တံခါးမှတစ်ဆင့် အပြင်ကိုသာ ငေးကာ သဘောကျနေမိသည်။လွမ်းနေခဲ့ရသည့် မြို့က မပြောင်းလဲပဲ အရင်အတိုင်းသာ။နာရီဝက်နီးနီးမောင်းနှင်လာတဲ့ ကားအနက်ရောင်ဘေးဟာ အထပ်မြောက်များစွာရှိသည့် ဂရိတ်ဆိုသည့် ဟိုတယ်ရှေ့၌ ရပ်တန့်လို့သွားသည်။ဟိုတယ်ရဲ့အပြင်အဆင်က အတော်လှသည်။မီးရောင်စုံတွေနဲ့ အလှအုန်းပင်တွေက စီရီလို့နေသည်။ဟိုတယ်ရဲ့ အပေါ်ဆုံးအထပ်မှာကျင်းပသည်မို့မှန်ချပ်တွေမှတဆင့်မြို့ရဲ့ညအလှကို ရှင်းရှင်းလင်းလင်းမြင်ရကာ စိတ်ကို အေးချမ်းစေသည်။လွတ်နေသည့် စားပွဲဝိုင်းက အရန်သင့်ထိုင်ဖို့ ဆီးကြိုနေသလို။

"မမလေး တစ်ခုခုသောက်ချင်လား"

"ကျွန်မအတွက် ဝိုင်တစ်ခွက်ဆို အဆင်ပြေတယ် တော်ကြာ တစ်ခြားအရာတွေသောက်ပြီး မူးရူးနေလို့ ရယ်စရာဖြစ်နေဦးမယ်"

"ခဏပဲစောင့်ပါ ကျွန်တော်ယူခဲ့ပါ့မယ်"

အသီးသီးရှိကြတဲ့ လူတွေက ဒီဇိုင်းမျိုးစုံ၊ပုံစံမျိုးစုံပင်။ဝေ့ဝဲကြည့်နေတဲ့ နီ့ မျက်ဝန်းတွေ အမျိုးသမီးတစ်ဦးဆီမှာ အပ်နှင်းလိုက်မိသည်က ထူးဆန်းစွာပင်။ထို့ထက် ပိုထူးဆန်းသည်က ယခုလိုပွဲမျိုးကို မြန်မာဝမ်းဆက်နဲ့ တက်သည့် အမျိုးသမီး။အဖြူရောင်မြန်မာဝမ်းဆက်နဲ့အတူ ထုံးဖွဲ့ထားသည့် ဆံထုံးက မြန်မာ့အလှကို ပေါ်လွင်စေသည်။ဆံထုံးကြားမှာ ထိုးထားသည်က နှင်းဆီဖြူဖြူ တစ်ပွင့်။ဖြူနုနုမျက်နှာက မီးရောင်၏အကူနဲ့မို့ ပို၍ထင်ရှားနေသည်။နီရဲနေသည့် နှုတ်ခမ်းပါးက ဆွဲဆောင်သည့် အရာတစ်ခုဟုဆိုရပေမည်။သွယ်လျလျခန္ဓာကိုယ်က အချိုးအစားပြေပြစ်စွာပင်။ထိုအမျိုးသမီးကို နီငေးနေမိသည်က မျက်တောင်မခတ်တမ်းပင်။

"ရင္ထဲက မဟူရာ"(Ongoing)Where stories live. Discover now