အပိုင်း_19(Z)

164 9 2
                                    

အဆောက်အအုံကြီးရှိသည့် ဝန်းထဲ၌ ကားတွေက အမျိုးအစားအစုံပင်။လူကုံထန်အသိုင်းအဝိုင်းက ကားတွေဆိုလည်းမမှား။ထိုကားတွေထဲမှ မနက်ကစီးခဲ့သည့်ကားအဖြူလေးကို မြင်တာကြောင့် တေဇာရောက်နေပြီဆိုတာကို သိလိုက်ရသည်။အဆောက်အအုံထဲကို ဝင်သည်၊ထွက်သည်နဲ့မို့ လူတွေက ခပ်ရှုပ်ရှုပ်ပင်။

"အနီ တို့သွားမယ်နော်"

"ဟုတ်ကဲ့"

ထွက်သွားသည့် မြရဲ့ကျောပြင်ကလေးပျောက်ကွယ်သွားသည်အထိ ငေးမိပြန်တော့ ရင်ခုန်ရပြန်သည်။မြနဲ့ပတ်သက်အမျှ ဖြစ်တည်မှုတိုင်းက နီ့အတွက် ရင်ခုန်စရာအပိုင်းအစလေးတွေပင်။

အဆောက်အအုံတွင်း၌ စီးပွားရေးနယ်ပယ်ကလူတွေအပြည့်ပင်။လျှောက်လှမ်းလာတဲ့ မြရှေ့ကို မတ်တပ်ရပ်လာသူကြောင့် သတိလက်လွတ်လန့်မိပြန်သည်။

"မြ လာလေ ဒီမှာထိုင် ပွဲတောင်စတော့မှာ"

"ရပါတယ် ကျွန်မ ဟိုဘက်မှာထိုင်လိုက်မယ်"

သူစိမ်းယောက်ျားတစ်ယောက်ရဲ့ဘေးမှာ ထိုင်ဖို့အထိ မြသည်သတ္တိမရှိ။မြဆိုသည့်မိန်းမဟာ သိက္ခာတရားကို သိပ်ကိုတန်ဖိုးထားသည့်မိန်းမပင်။

"လာပါမြရယ် ဒီဘက်ဆိုတော့ ကိုယ်လည်းရှိတာပေါ့"

"ရတယ် ကျွန်မဟိုဘက်မှာထိုင်လည်းအဆင်ပြေတယ် ကိုရာဇာကျော်"

"မငြင်းပါနဲ့ မြရာ လာပါ"

လေလံပွဲစတင်တော့မည်ဆိုသည့် အသံကြောင့် ငြင်းချိန်ပင်မြမှာမရှိတော့ပဲ ထိုနေရာမှာသာ ထိုင်လိုက်လေသည်။သို့သော်လည်း မြသည် ထိုသူနဲ့ နှစ်ခုံခြားမှာသာ ခပ်ခွာခွာထိုင်သည်။မြဆိုတဲ့မိန်းမက အဲ့သလိုမိန်းမဆိုတာ ဦးရာဇာကျော် တကယ်ပဲ မသိလေသလား။

"မကြာမီအချိန်အတွင်းမှာ လေလံပွဲပြီး စတင်ပါတယ်တော့မယ်ခင်ဗျာ"

ခပ်သြသြအမျိုးသားရဲ့အသံကြောင့် ပွဲရှိလူအားလုံးရဲ့အသံက တိတ်ဆိတ်လို့နေသည်။စိတ်လှုပ်ရှားနေသည့် မြရဲ့ ရင်ခုန်နှုန်းက မြန်ဆန်လို့နေသည်။ခဏက အော်ပြောသည့်သူက ဗီနိုင်းလေးတစ်ခုကို တရွေ့ရွေ့နဲ့ ဖြန့်ပြလျက်...

"ရင်ထဲက မဟူရာ"(Ongoing)Where stories live. Discover now