အပိုင္း_၆(U)

1.1K 95 8
                                    

ဆေးနံတွေ ထုံသင်းနေတဲ့ နေရာမို့  နီ့ ခေါင်းထဲ နှောက်ကျိကျိပင်။အထပ်ထပ်မြင့်သည့်ဆေးရုံက သန့်ရှင်းကာသပ်ရပ်လွန်းသည်။မန္တလေးမြို့၏ အငွေ့အသက်ပါနေသည့် "မန္တလာ"ဆိုသည့်ဆေးရုံကြီးက ထည်ဝါစွာပင်။ဆေးရုံတိုင်းမှာ ဆေးနံ့ရတာမဆန်းပေမဲ့ နီဆိုသည့် အမျိုးသမီးကတော့ ထိုအနံ့အသက်တွေကို သဘောမကျ။ခဏခဏမူးလဲတတ်သည့် ဖခင်ကြောင့်သာ ဆေးရုံပြဖို့ လိုက်လာခဲ့မိသည်။ထိုအနံ့တွေကြောင့် ဆရာဝန်ကိုပြမည့်သူက ဦးမင်းသစ္စာမဟုတ်ပဲ နီ ပင်ဖြစ်သွားနိုင်သည်။ဓာတ်လှေကားရဲ့အကူအညီကြောင့် ကုသမှုခံယူနေကျ နေရာသို့ရောက်လာခဲ့လေသည်။ထိုနေရာရှေ့၌ လူတွေက ခပ်စုစုပင်။လွတ်နေတဲ့ ခုံတန်းရှည်၌သာ နီတို့ သားအဖ ဝင်ထိုင်လိုက်လေသည်။ထိုင်နေတာပင်မကြာသေး စိမ်းနုရောင် ဝတ်စုံနဲ့ ရောက်လာသည့် အမျိုးငယ်သမီးတစ်ဦး။

"ပြင်ပလူနာဆိုရင်တော့ စာရင်းပေးရပါမယ်ရှင်"

"ဒေါက်တာ့ကို ဖုန်းဆက်ထားတယ် သမီး"

"ဟုတ်ကဲ့ ဒါဆိုခဏလေးစောင့်ပေးပါဦးရှင်"

       ဖော်ရွေသည့် အပြုံးနဲ့ ထွက်ခွာသွားတဲ့ အမျိုးသမီးကို နီ ကြည့်မိသည်က စက္ကန့်မျှသာ။ထို့နောက် အခန်းထဲသို့တစ်ဦးပြီးတစ်ဦးဝင်လိုက် ထွက်လိုက်နဲ့ အပြင်၌ လူပင်သိပ်မရှိတော့။ဘေးဘီကို ငေးကြည့်နေတဲ့ ဦးမင်းသစ္စာနဲ့ ဆန်ကျင်ဘက်ဆန်စွာ နီကတော့ ဖုန်းဆီမှာသာ အာရုံစိုက်နေသည်။

        အဝါနုရောင်ပါတိတ်ဝမ်းဆက်နဲ့အတူ ဂျူတီကုတ်အဖြူကိုကျကျနနဝတ်ထားသည့် အမျိုးသမီးပုံစံက ဘေးလူတွေကိုပင် ငေးကြည့်ချင်လောက်အောင် ပြုစားနေသလို။ဆံနွယ်ကောက်ကောက်တွေကို ခပ်ဖွဖွ ထုံးဖွဲ့ထားသည်က တည်ငြိမ်ကာ လှပလွန်းသည်။အဖြူရောင်ကြွေပြားခင်းတွေအပေါ် အဝါရောင်ဒေါက်မြင့်ဖိနပ်နဲ့ လျှောက်လှမ်းနေပုံက ပနံသင့်လွန်းသည်။ထိုခြေလှမ်းတွေနဲ့အတူ ထိုအမျိုးသမီးကို ငေးကြည့်နေသူ၏ မျက်ဝန်း၌ အံသြမှုတွေက အတိုင်းထက်အလွန်။

"လေးရုံ"

        ငေးကြည့်နေရင်းမှ နှုတ်မှရုတ်တရက်ထွက်သွားသည့် နာမ်စားတစ်ခု။တုန်ယင်နေတဲ့အသံနဲ့ပူနွေးလာသော ခန္ဓာကိုယ်။ထိုသို့ခေါ်သံကြောင့် လျှောက်လှမ်းနေတဲ့ အမျိုးသမီးရဲ့ခြေလှမ်းတွေရပ်တန့်သွားသလို နီရဲ့မျက်ဝန်းတွေကလည်း အရှေ့ရှိ အဝါနုရောင်ပါတိတ်ဝမ်းဆက်နဲ့အမျိုးသမီးဆီကိုသာ ဦးတည်လို့သွားလေသည်။

"ရင္ထဲက မဟူရာ"(Ongoing)Where stories live. Discover now