အပိုင္း_14(U)

978 85 6
                                    


         အစဉ်အမြဲရောက်လာခဲ့တဲ့ မနက်ခင်းတွေထဲ ဒီမနက်ခင်းက နီ့အတွက် ရင်ခုန်စရာအကောင်းဆုံးနဲ့စိတ်လှုပ်ရှားစရာ အကောင်းဆုံးဆိုလည်းမှားမည်မဟုတ်။ချစ်တဲ့အမျိုးသမီးနားမှာနေရမည်ဆိုရင် စက္ကန့်ပိုင်းဖြစ်ဖြစ်၊မိနစ်ပိုင်းဖြစ်ဖြစ် နီ့အတွက်တော့ အဖိုးတန်သည့်အချိန်တွေပင်။တစ်စုံတစ်ယောက်ကြောင့် ပြောင်းလဲလာတဲ့ နေထိုင်မှုပုံစံနဲ့ ဝတ်စားဆင်ယင်မှုက အများအတွက် အထူးအဆန်းဖြစ်နေမည်ဆိုတာ အသေအချာ။

       အနက်ရောင်ရှပ်အကျီင်္လက်တိုပေါ်မှ အနီရောင်အကွက် လက်ရှည်က အတိုင်းသား။ခဲရောင်ဘောင်းဘီရှည်နဲ့မို့ အမြဲမြင်နေကျဒီဇိုင်းနဲ့ လုံးလုံးလျားလျား ပြောင်းလဲသွားလေသည်။ဂုတ်ပေါ်က ခပ်ကပ်ကပ်ဆံနွယ်တွေက အပြာနုရောင်လျှာထိုးဦးထုပ်အောက်မှာ မရှုပ်မပွပဲ ခပ်ပိပိလေးသာ။မျက်မှန်တစ်လက်ရဲ့အကူအညီကလည်း နီ့ မျက်နှာကို အတော်ပြောင်းလဲစေသည်မို့ မြမမှတ်မိတာ မမှားပေ။

"သမီးငယ်"

           အောက်ထပ်လှေကားအဆုံးမှာကြားရသည့် ဖခင်ဖြစ်သူ၏အသံ။အံ့သြသည့်အကြည့်တွေကလည်း တွဲပါလာသေးသည်။အချစ်ကြောင့်ရုတ်တရက်ဆန်စွာ
ပြောင်းလဲသွားတဲ့နီ့ကိုတော့ လူတွေအံ့သြကြမည်ဆိုတာ မလွဲဧကန်ပင်။

"မောနင်း ဒက်ဒီ"

        မနက်စာစားဝိုင်းရောက်သည်အထိ နီ့ဆီမှ အကြည့်တွေမခွာနိုင်သည့် ဦးမင်းသစ္စာအဖို့ အခုလိုမြင်ရတာ အထူးအဆန်းပင်။

"သမီးငယ် ကုမ္ပဏီသွားမှာမလား"

"ဟုတ်ကဲ့ဒက်ဒီ"

"သမီးငယ်ပုံစံကတစ်မျိုးပဲ ကုမ္ပဏီသွားမှာရော သေချာလား"

"နီ ကုမ္ပဏီကိုသွားမှာပါ ဒီလိုဝတ်စားထားတာကလည်း နီ့ မှာအကြောင်းရှိလို့ပါ"

🥰"ဘာတွေလုပ်နေတာလဲ သမီးငယ်"

         အော်ငေါက်သည့်အသံမျိုးမဟုတ်ပဲ စိုးရိမ်သည့်အသံနဲ့ ဆိုလာသည့် ဦးမင်းသစ္စာ။သမီးတစ်ယောက်အပေါ်မှာထားရှိတဲ့ ဖခင်မေတ္တာတွေကြောင့် အသေအချာမသိသေးတဲ့ ကိစ္စတွေကိုပင် စိုးရိမ်မိပြန်သည်။

"ရင္ထဲက မဟူရာ"(Ongoing)Where stories live. Discover now