နေရောင်ခြည်အပိုင်းအစတွေသည် ပြတင်းပေါင်မှတဆင့် အခန်းထဲကို အတော်သင့်မျှဖြန့်ကျက်ထားလေသည်။စားပွဲပုလေးပေါ်မှ အပြာရောင်နာရီလေးသည် ခုနစ်နာရီအတိကိုညွန်ပြမှုနဲ့အတူ အသံသည်လည်း ထပ်တူထွက်ပေါ်လာသည်။မျက်လုံများကိုအသာအယာဖွင့်ကြည့်မိတော့ အခန်းတစ်ခုလုံးဟာ နီ့အတွက်အထူးအဆန်း။ရင်းနှီးကျွမ်းဝင်မှုမရှိဘဲစိမ်းသက်နေလေသည်။ဘယ်နေရာလဲဆိုတာကိုတော့ နီစဉ်းစားစရာမလိုဘဲ အသေအချာပင်သိသည်။ဒါဟာ သေချာပေါက် နီ့အမျိုးသမီးရဲ့အိမ်။နီချစ်ရသူရဲ့အိမ်။"အနီ နိုးပြီလား အနီ"
မနက်ခင်းအစမှာတင်ကြားရသည့်ဒီအသံသည် နီ့နှလုံးအိမ်ထဲကိုနူးညံစွာစီးဆင်းကာ နွေးထွေးသွားစေသည်။ဒီအသံချိုချိုကိုသာ မနက်တိုင်းကြားရရင်တော့ နီ့ဘဝ၌ ပျော်ရွှင်မှုကိုလိုက်ရှာရမည်မထင်တော့ပေ။
"အနီ နိုးပြီလား။တို့ဝင်လာလို့ရလား"
"နိုး နိုးပါပြီအန်တီ။ဝင်လာလို့ရပါတယ်"
ကုတင်ခေါင်းရင်းပေါ်မှမျက်မှန်ကိုအမြန်တပ်ဆင်ကာ ဆိုလေသည်။ခပ်ရှုပ်ရှုပ်ဆံနွယ်တွေကို လက်ချောင်းနဲ့သာ သပ်နေသည်။မြနဲ့တွေ့ရင် မျက်မှန်ဟာ နီ့အတွက်မပါမဖြစ်မဟုတ်လား။
"နိုးနေပြီလား မျက်နှာသစ်။မနက်စာကိုဒီမှာပဲစား။
နောက်မှတို့ကိုလိုက်ပို့လေ""ဟို ရ ရပါတယ်အန်တီ။မနက်စာကိုတော့မစားပါရစေနဲ့တော့။ညကလည်းအန်တီ့ကိုဒုက္ခပေးထားသေးတာ"
ဒုက္ခ...။ဒီစကားရဲ့အနက်အဓိပ္ပါယ်ဆိုလိုရင်းကို မြမသိပေ။ဒုက္ခဆိုတာ အနမ်းကိုဆိုလိုလေသလား။မထင်မှတ်ဘဲ ရလိုက်တဲ့ အနမ်းတစ်ပွင့်ကိုဆိုလိုလေသလား။
"တို့စကားကိုမငြင်းဆန်ချင်စမ်းနဲ့အနီရယ်။တို့ပြောသလိုပဲလုပ်ပါ"
"ဟို နီ နီလေ."
"တို့စိတ်မဆိုးချင်ဘူးအနီရယ်။မနက်စာကိုတို့ကိုယ်တိုင်ပြင်ထားတာမို့ မငြင်းနဲ့။အပင်ပန်းခံပြီးပြင်ပေးထားတာမို့ မစားရင်တော့ တို့တကယ်စိတ်ဆိုးမှာအနီ"