Unicode
မင်းဧကရာဇ် လရောင် နဒီ နဲ့ ထက်ဥက္ကာတို့ ကျောင်းကိုအတူတူရောက်လာကြသည်။ ထက်ဥက္ကာကတော့ အိမ်စာတွေမပြီးသေးတဲ့အတွက် အိမ်စာကိုသာထိုင်ရေးနေလေသည်။ နဒီကတော့ လရောင်ကိုဆွဲကာ မုန့်ဈေးတန်းဖက်သို့ ထွက်သွားလေပြီး။ အခုအခန်းထဲတွင် အခြားကျောင်းသား/သူ အနည်းငယ်၊ မင်းဧကရာဇ်နဲ့ ထက်ဥက္ကာသာရှိတော့သည်။
"ဒါနဲ့ မင်းဧကရာဇ် မင်းကိုငါသတိပေးထားစရာရှိတယ်"
သူအား သတိပေးစရာရှိတယ်ဟုပြောလာသော အစ်ကိုထက်ဥက္ကာအားကြည့်လိုက်ပြီး
"ဟုတ် ပြောလေ အစ်ကိုဥက္ကာ"
သူပြောပြီးသည်နှင့် အစ်ကိုထက်ဥက္ကာရဲ့အကြည့်က သူ့တို့ထိုင်နေတဲ့ role ရဲ့နောက်ဆုံးခုံတန်းဆီကိုရောက်သွားခဲ့သည်။ အဲ့ဒီနောက်ဆုံးတန်းမှာတော့ မနေ့က အစ်ကိုလရောင်နဲ့ပြဿနာဖြစ်ခဲ့တဲ့လူကရှိနေပြီး အစ်ကိုထက်ဥက္ကာရဲ့အကြည့်တွေကလဲသူ့ဆီမှာပင်။
"သူက ဘာဖြစ်လို့လဲ"
မင်းဧကရာဇ်လဲသိချင်၍မေးလိုက်သည်။"သူနာမည်က ဖိုးရသတဲ့ သူကဒီကျောင်းရဲ့နာမည်ကြီး ကောင်းသောနာမည်ကြီခြင်းမျိုးတော့မဟုတ်ဘူးပေါ့ကွာ"
"ဘယ်လိုမျိုး နာမည်ကြီးတာလဲ"
"ကျောင်းစည်းကမ်းတွေ မလိုက်နာတာ ဆေးလိပ်တွေ အရက်တွေပါသောက်တာ လူကြီးတွေကိုရော ကျောင်းကဆရာ/မ တွေကိုလည်း ရိုသေလေးစားမှုမရှိတာ နောက်တစ်ခုက အခြားသူတွေကို သူ့အပေါင်းအပါတွေနဲ့ လိုက်အနိုင်ကျင့်နေတာပဲ"
"အော်....."
"မင်းလဲ ပြဿနာတွေ ခဏခဏမဖြစ်ချင်ရင် သူ့ကိုရအောင်ရှောင်"
မင်းဧကရာဇ်လဲ ထက်ဥက္ကာအား ခေါင်းတစ်ချက်သာညိမ့်ပြလိုက်သည်။ သူ့လဲ အဲ့ဒီ ဖိုးရသဆိုသူအား လုံးဝကြည့်လို့မရပါ။ အကြောင်းက အဲ့ဒီလူမနေ့က အစ်ကိုလရောင်အပေါ်လုပ်ခဲ့တဲ့ အဖြစ်အပျက်ကြောင့်ပင်။
"မင်းရှောင်ရမှာ နောက်တစ်ယောက်ရှိသေးတယ်"
"ဘယ်သူ့ကိုထပ်ရှောင်ရအုံးမှာလဲ"
YOU ARE READING
အမုန်းများကြားမှ အချစ်ပန်း
Action[Ongoing] Type - BL Genre - Drama, Revenge Main characters - မင်းဧကရာဇ် ♡ လရောင်