အပိုင်း ၁

1.2K 23 0
                                    

Unicode

မနက်နေရောင်ခြည်၏အလင်းသည် သူ၏မျက်နှာပေါ်သို့ကျရောက်လာမှုကြောင့် လရောင်၏ မျက်လုံးများသည် တဖြည်းဖြည်းပွင့်လာခဲ့သည်။ ထို့နောက် လရောင်သည် သူ၏အိပ်ယာခင်းပေါ်တွင်သာထထိုင်လျက် ဖုန်းကိုကောက်ကိုင်ကာအချိန်ကားကြည့်လိုက်မိသည်။ မနက် ၆နာရီခွဲသာရှိသေး၍ လရောင်သည် သူ၏အိပ်ယာခင်းကိုသိမ်းဆည်းကား အိပ်ခန်းအပြင်သို့ထွက်လာလိုက်သည်။

မီးဖိုချောင်တွင်တော့ လရောင်၏ အမေဖြစ်သူ ဒေါ်နန်းညိုသည် ခင်ပွန်းနှင့်သားဖြစ်သူအတွက် မနက်စာကိုပြင်ဆင်ပေးနေသည်။

အိပ်ခန်းထဲကနေထွက်လာသော လရောင်အား ဒေါ်နန်းညိုမှ

"သား.... နိုးရင်လဲ မျက်နှာလေးသစ်ပြီး မနက်စာလာစားတော့လေ"

"ဟုတ် အမေ"

‌လရောင်သည်အမေဖြစ်သူအား အကြောင်းပြန်ပြီး မျက်နှာသစ်ရန် အိမ်နောက်ဖေးရှိ ရေတွင်းဆီကိုသာထွက်လာလိုက်သည်။ မျက်နှာသစ် သွားတိုက်ပြီးသည်နှင့် လရောင်၏ခြေလှမ်းများသည် မီးဖိုချောင်ရှိ ထမင်းစား စားပွဲဆီသို့သာ။ မီးဖိုချောင်ကိုရောက်ရင်လည်း စားပွဲပေါ်ရှိ ထမင်းကြော်ဆီကိုသာမျက်လုံးအရင်ကျမိသည်။ ထမင်းကြော်သည် သူတို့မိသားစုအမြဲမရိုးသော မနက်စာပင်ဖြစ်သည်။ မနက်တိုင်း အမေဖြစ်သူကြော်ပေးသောထမင်းကြော်ကိုသာမစားရလျှင် နေရထိုင်ရတာအဆင်မပြေဖြစ်မည်မှာအမှန်ပင်။

"ဒါနဲ့အမေ အဖေကိုရောမတွေ့မိပါလား?"

လရောင်သည်မိမိ၏အဖေဖြစ်သူအား မတွေ့မိ၍ အမေ့အားမေးလိုက်သည်။

"သားအဖေလား ဒီနေ့ကရုံးမှာ လုပ်စရာတွေရှိလို့ မနက်စောစောထွက်သွားတယ် မနက်စာတောင်မစားသွားဘူးလေ"

"အော်......."

လရောင်သည် အသက် ၁၇ နှစ်အရွှယ် အဠမတန်းကို အဆင့် ၁ နှင့်အောင်ထားသူဖြစ်ပြီး ယခုနှစ်တွင် နဝမတန်းအားတက်ရောက်ရတော့မည့် ကျောင်းသားတစ်ဦးဖြစ်သည်။ အဖေဖြစ်သူ ဦးမင်းဟန် နှင့် အမေဖြစ်သူ ဒေါ်နန်းညို တို့နှင့် သာမာန်အိမ်ကလေးထဲတွင်သာ သာယာသောမိသားစုဘဝလေးကိုတည်ဆောက်ထားကြသည်။ အဖေဖြစ်သူ ဦးမင်းဟန်က ရုံးဝန်တမ်း တစ်ဦးဖြစ်ပြီး အမေဖြစ်သူကတော့ ရပ်ကွပ်ဈေးထဲတွင် စတိုးဆိုင်သေးသေးလေးတစ်ခုဖွင့်ထားသည်။ လရောင်တို့မိသားစု၏ဝင်ငွေသည် မများသောလည်း မိသားစုသုံးယောက်စာဖို့လုံလောက်သည်။

အမုန်းများကြားမှ အချစ်ပန်းWhere stories live. Discover now