Unicode
မနက်ခင်း သူ(မ)(ခင်မာယာ)တို့၏ အိမ်ရှိ မီးဖိုချောင်ထဲတွင်တော့ ဒေါ်သီ၊ ဒေါ်မြနှင့် ကျန်အိမ်အကူမိန်းကလေးသုံးယောက်တို့သည် အိမ်ရှင်များဖြစ်ကြသော သူ(မ)တို့အတွက် မနက်စာချက်ပြုတ်သံများက ဆူညံလေသည်။ မနက်တိုင်းဖြစ်နေကြဖြစ်သောကြောင့် သူ(မ)အတွက်မထူးဆန်းတော့ပေ။
သူ(မ)လဲ အလုပ်သွားဖို့ပြင်နေရင်း အတွေးတွေကိုနယ်ချဲ့နေသည်။ တဖြည်းဖြည်းကျယ်ပြန့်လာသော သူ(မ)၏အတွေးတွေကို ဖျက်စီးလိုက်သည့်အရာမှာ သူ(မ)၏ဖုန်းပင်ဖြစ်သည်။~တီ့တီ့တီ့တီ့~
သူ(မ)လဲ မြည်နေသော သူ(မ)၏ဖုန်းကို ကောက်ကိုင်လိုက်သည်။ ခေါ်လာသည့်နံပါတ်မှာ နံပါတ်စိမ်းဖြစ်နေ၍ သူ(မ)လဲ ဖုန်းအားပြန်ဖြေဖို့ တွေဝေနေမိသည်။
ထို့နောက် သူ(မ)လဲ ဖုန်းအားပြန်ဖြေဖို့ ဆုံးဖြတ်လိုက်သည်။ သူ(မ)ရဲ့ အသိတစ်ယောက်ယောက်က အရေးတကြီးပြောစရာရှိလို့ တခြားလူရဲ့ဖုန်းနဲ့ငြားဆက်တာလဲ ဖြစ်နိုင်တာပဲလေ။"ဟယ်လို ကျွန်မဒေါ်ခင်မာယာပြောနေပါတယ်"
"ဟာ...... ကိုင်တောင်ကိုင်ပါ့မလားလို့စိုးရိမ်နေတာ အခုမှပဲ ရင်ထဲပေါ့သွားတော့တယ်"
ကြားလိုက်ရသည့်အသံကြောင့် သူ(မ)ကြက်သီးပင်ထတော့သည်။ အသံမှာ သရဲကားတွေထဲက သရဲတွေရဲ့အသံလိုမျိုးဖြစ်နေတာကြောင့်ပင်။ သေချာသည်ကတော့ ထိုလူက သူ(မ)အား သူ့ရဲ့အသံအမှန်ကိုမသိစေချင်လို၍ voice effects ထည့်ထားသည်ပင်။
"ရှင်က ဘယ်သူလဲ"
"ကျွန်တော်ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး ဒေါ်ခင်မာယာရယ်....... ခင်ဗျားအကြောင်းကသာ အရေးကြီးတာ"
"ဘာတွေလာပြောနေတာလဲ ကျွန်မအကြောင်းက ဘာကိစ္စကြောင့်အရေးကြီးရမှာလဲ"
"ခင်ဗျားက အတိတ်မေ့တတ်တယ်ထင်နော် ဒေါ်ခင်မာယာ ကိုယ့်ရဲ့အတိတ်ကအကြောင်းကိုတောင် မသိတော့ဘူးဆိုတော့လေ။ ခင်ဗျား သတိမရတော့လဲ ကျွန်တော်ကပဲ ပြောပြရတာပေါ့"
သူ(မ)လဲ နှုတ်ပိတ်နေမိသည်။ ဒီအကြောင်းတွေကို ဘာလို့ တစိမ်းတစ်ယောက်က သိနေရသနည်း။ ထိုလူက သူ(မ)ရဲ့အကြောင်း နှံနှံစပ်စပ်သိတဲ့လူတွေကပင် ဖြစ်မည်ဟု သူ(မ)ကောင်ချက်ချလိုက်သည်။
YOU ARE READING
အမုန်းများကြားမှ အချစ်ပန်း
Aksi[Ongoing] Type - BL Genre - Drama, Revenge Main characters - မင်းဧကရာဇ် ♡ လရောင်