Unicode
သူ(မ)(ခင်မာယာ)ကားဖြင့် မြို့၏တောင်ဘက်သို့ထွက်လာလိုက်သည်။ သူ(မ)တို့၏မြို့က တခြားမြို့တွေနှင့်ဆိုင်ရင် သိပ့်မကြီးတဲ့အတွက်ကြောင့်မို့ သူ(မ)
သွားမည့်နေရာကို တခဏအတွင်းရောက်သွားလေသည်။ သူ(မ)သွားသည့်နေရာက မြို့၏တောင်ဘက်အစွန်းဆုံးရှိ တိုက်အိမ်တစ်အိမ်ကိုပင်ဖြစ်သည်။ ထိုအိမ်ကလဲ သူ(မ)အပိုင်ဖြစ်သည်။ ထိုအိမ်သည် သူ(မ)နှင့်ဖိုးသူရတို့နှစ်ယောက် ချိန်းတွေ့နိုင်သည့် တစ်ခုတည်းသော နေရာပင်ဖြစ်သည်။
သူ(မ)ကားကိုရပ်လိုက်ပြီး ကားပေါ်မှဆင်းကာ အိမ်ထဲသို့ဝင်လာလိုက်သည်။ အိမ်ထဲမှာတော့ ဖိုးသူရက သူ(မ)ထက်အရင်ရောက်နှင့်နေသည်။"ရောက်လာပြီးလား မ နည်းနည်းနောက်ကျတယ်နော်"
"နောက်ကျမှာပေါ့ မောင်ကတွေ့ချင်တယ်ဆိုလို့ လုက်လက်စအလုပ်တွေကို အောင်အောင်နဲ့လွဲနေရတာနဲ့ နည်းနည်းပါးပါးပြင်ဆင်တာနဲ့ အချိန်ကနည်းနည်းကြာသွားတာ"
"ဟုတ်ပါပြီး ဒါပေမယ့် အဲ့ဒီအောင်အောင်ဆိုတဲ့မရဲ့အတွင်းရေးမှူးကို မနာလိုလိုက်တာ သူကအမြဲ မနားမှာပဲနေနေရတာ ကျွန်ကကျတော့ မရဲ့ဖားသားကြီးနားမှာပဲနေနေရတယ်"
"မောင်ကလဲ အောင်အောင်ကမရဲ့နားမှာရှိနေတာကလဲ အလုပ်ကိစ္စတွေကြောင့်လေ အောင်အောင်ကအလုပ်ထဲမှာဆို မရဲ့အယုံကြည်ရဆုံးလူဖြစ်တာမို့ အစစအရာရာသူ့ကိုပဲအားကိုးရတာ သဝန်တိုမနေစမ်းပါနဲ့မောင်ရယ်"
"ဟုတ်ပါပြီးဗျာ....."
"ဒါနဲ့ မောင်က ကားမပါပဲဒီကိုဘာနဲ့လာတာလဲ မောင့်ရဲ့ကားရော....."
"မ.... မ မောင့်ကိုလာနောက်နေတာလား မ မောင့်ရဲ့ကားကို ဟိုကိစ္စကြောင့် လက်စဖျောက်ဖို့အတွက် မ ယူသွားတာလေ အဲ့ဒီကိစ္စကိုပြန်မပြောချင်ပါဘူးဆိုမှ ပြောရင်းဆိုရင်း ကြက်သီးတွေတောင်ထလာပြီး"
"မ မေ့သွားလို့ပါမောင်ရယ် စိတ်မဆိုးပါနဲ့ အဲ့ဒီကိစ္စကလဲ ဘာမှစိုးရိမ်မနေနဲ့တော့ အခုဆိုရင်လူတွေက အဲ့ဒီအမှုကို မတော်တဆအမှုလို့ပဲထင်နေကြတာ မတို့လုပ်တယ်ဆိုတာ ဘယ်သူမှမသိကြဘူးလေ အခုဆိုအဲ့ဒီသတင်းက လူတွေတောင်မေ့နေလောက်ပြီး အပင်ပန်းခံပြီးတွေးမနေနဲ့တော့ မောင်ပဲပင်ပန်းလိုက်မယ်"
YOU ARE READING
အမုန်းများကြားမှ အချစ်ပန်း
Aksiyon[Ongoing] Type - BL Genre - Drama, Revenge Main characters - မင်းဧကရာဇ် ♡ လရောင်