အပိုင်း ၃

387 20 0
                                    

Unicode

"ဆရာမ ဒီကျောင်းသားလေးကို အခန်းလိုက်ပြ လိုက်ပါနော်"

"ဟုတ်ကဲ့ ဆရာမကြီး"

ကျောင်းအပ်ပြီးသည်နှင့် ကျောင်းအုပ်ဆရာမကြီးက မင်းဧကရာဇ်နေရမည့် အတန်း၏ အတန်းပိုင်အား အတန်းလိုက်ပြခိုင်းလိုက်သည်။

အတန်းနားသို့ရောက်သည် နှင့် မင်းဧကရာဇ်သည် အခန်းထဲသို့မဝင်မီ သူ၏ အမေအား လက်ထဲက ထမင်းချိုင့်အား ကမ်း၍ ပေးလိုက်သည်။

"ထမင်းချိုင့်ကိုပြန်ယူသွားပါ"

"ထမင်းချိုင့်ကို ပြန်ယူသွားဆိုတော့ သားနေ့လယ်ကျရင် သားဘာနဲ့သွားစားမလဲ.."

"သား ကျောင်းနားက ထမင်းဆိုင်မှာပဲ သွားစားမလို့ ကျောင်းအနားတစ်ဝိုက်က အကြောင်းတွေလဲ သိချင်လို့"

"သားသဘော‌ပဲ‌လေ ဒါဆိုလဲ အမေပြန်ယူသွားလိုက်မယ်နော်"

"ဟုတ်ကဲ့"

"ဒါဆို အမေပြန်ပြီးနော် ကျောင်းမှာလဲ အဆင်ပြေအောင်နေနော်"

"ဟုတ်..."

အမေဖြစ်သူဒေါ်‌ရွှေနှင်းစက်က သူ့အားမှာသင့်တာမှာပြီးသည်နှင့် ပြန်သွား‌လေပြီးဖြစ်သည်။ သူကတော့ အတန်းရဲ့အတန်းပိုင်နှင့်အတူ အတန်းထဲသို့သာဝင်လာလိုက်သည်။

အတန်းထဲသို့သူနှင့်ဆရာမ ‌ဝင်လာသည်နှင့် အတန်းတစ်တန်းလုံး ထိုင်ရာကနေထကြကာ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ တချို့မိန်းကလေးတွေကလည်း သူ့အား မသိမသားလေးကြည့်နေကြသည်။ ထို့နောက်သူမြင်လိုက်ရသည့် နောက်ထပ်လူက သူ၏ဝမ်းကွဲအမ နဒီရှင်း ပင်ဖြစ်ပြီး အစ်မ နဒီက သူ့အား လက်ပြနေသည်။ 'အစ်မ နဒီက ဒီအတန်းကလား' လို့စိတ်ထဲကနေရွတ်နေမိသည်။

"ဟဲ့ နဒီ နင့်ကသူ့ကို သိလို့လား"

"အဲ့ဒါ ငါ့ရဲ့ဝမ်းကွဲမောင်ပဲလေ ဘယ်လိုလဲချောတယ်မှတ်လား"

"နဒီရေ နင့်ကိုတော့ ငါ့ယောက်မတော်လိုက်တော့မယ် ချောတာမှ ရုပ်ရှင်တွေထဲက ကိုရီးယားမင်းသားလေးကျနေတာပဲ"

အစ်မ နဒီ နှင့် သူ့နားက မိန်းကလေးတစ်ယောက် တိုးတိုးလေးပြောနေသည်ကို
မင်းဧကရာဇ် ရှင်းရှင်းလင်းလင်းကြားနေရသည်။ နောက်ထပ် သူ့၏အမြင်များတွင်နေရာယူလာသည့်သူကတော့ အတန်းရဲ့နေရာတစ်နေရာက အသားညိုညိုနှင့် သူတစ်ဦးပင်ဖြစ်သည်။

အမုန်းများကြားမှ အချစ်ပန်းWhere stories live. Discover now