Unicode
လရောင်လဲ ဦးငယ်အား အဖြစ်အပျက်အားလုံးကို ပြောပြလိုက်သည်။
ဦးပြည့်လျှံလည်း ထိုစကားတွေကြောင့် ဒေါသလဲထွက်ရသလို ဝမ်းလဲဝမ်းနည်းရပါသည်။"ဘယ်သူကများ ဒီလိုလုပ်သွားတာလဲကွာ taxi သမားကရော အဲ့ဒီလူရဲ့မျက်နှာကိုမမြင်လိုက်ဘူးလား"
လရောင်က ခေါင်းကိုခါလိုက်သည်။
"မတွေ့လိုက်ဘူးတဲ့ ဦးငယ် သူလဲ အဲ့ဒီလူရဲ့ ခန္ဓာကိုယ်လောက်ကိုပဲ မှုန်ဝါးဝါးမြင်လိုက်ရတယ်လို့ ထွက်ဆိုထားတယ်"
"မမနန်းက အဲ့ဒီခေါ်ခင်မာယာဆိုတဲ့လူရဲ့အိမ်ကို ဘာကိစ္စကြောင့်သွားတာလဲ"
လရောင်လဲ ဦးငယ်ကို သူ၏ကျောင်းတွင်းအကြောင်းတွေကိုပါ ပြောပြလိုက်သည်။
"ဒါဆို အဲ့ဒီကိစ္စအတွက်နဲ့ မမနန်းတို့ကို ဒီလိုလုပ်လိုက်တာပေါ့ ဟုတ်လား"
လရောင်လဲ ဘာမှပြန်မပြောပဲ ဒီတိုင်းသာစဉ်းစားနေတော့သည်။
ထိုအခါ နဒီက စကားစဆိုလာလေသည်။"သမီးတော့ အဲ့ဒီလိုမထင်ဘူး ဦး ဘာမဟုတ်တဲ့ကိစ္စသေးသေးလေးအတွက်တော့ လူသတ်တဲ့ထိသူတို့လုပ်မှာမဟုတ်ဘူး ဒေါ်လေးနန်းတို့နဲ့ အဲ့ဒီဒေါ်ခင်မာယာဆိုတဲ့လူကြားမှား အကြောင်းအရင်းတစ်ခုခုတော့ရှိမယ်လို့ထင်တယ်"
နဒီရဲ့စကားကြောင့် သူတို့အားလုံးလဲ ပိုမိုစဉ်စားရတော့သည်။ ထိုအချိန်ပြည့်လျှံမှ မကျေနပ်သလိုဖြစ်ထကာ စကားစဆိုပြန်တော့သည်။
"အဲ့ဒီလူ လုပ်တာမှန်နေရင်လဲ သူတို့နဲ့ စာရင်းရှင်းရမှာပေါ့ ဘာလို့ငြိမ်နေရမှာလဲ အခုပဲသွားရှင်းမယ်"
"နေဦး ပြည်လျှံ...."
ခင်မာယာ၏အိမ်သို့ သွားဖို့လုပ်နေသည့် ပြည်လျှံအား ရွှေနှင်းစက်မှ လှမ်းတားတော့သည်။
"မင်းအဲ့ဒီလို စိတ်လိုက်မာန်ပါ လုပ်လို့မရဘူးနော် တကယ်ပဲသူတို့လုပ်တယ်ပဲထားအုံး အမတို့မှာအဲ့ဒါနဲ့ ပက်သက်တဲ့ သက်သေတွေဘာမှမရှိဘူးလေ သက်သေမရှိဘဲ မင်းစိတ်လိုက်မာန်ပါလုပ်လိုက်ရင် မင်းကိုယ့်ရှူးကိုယ် ပြန်ပက်သလိုဖြစ်နေလိမ့်မယ် အခုမင်းတူလရောင်မှာလဲ အားကိုးစရာဆိုလို့မင်းပဲရှိတော့တာ မင်းပါတစ်ခုခုဖြစ်သွားရင် မင်းတူဒုက္ခရောက်လိမ့်မယ်"
YOU ARE READING
အမုန်းများကြားမှ အချစ်ပန်း
Aksiyon[Ongoing] Type - BL Genre - Drama, Revenge Main characters - မင်းဧကရာဇ် ♡ လရောင်