Unicode
နန်းညိုတို့စီးလာသောကားသည် မြို့ကြီးပေါ်သို့သွားသော လမ်းတစ်လျှောက်မောင်းလာခဲ့သည်။ နန်းညိုကတော့ ဒေါ်ခင်မာယာအကြောင်းကို စဉ်းစားမြဲစဉ်းစားနေသည်။
"နန်း ဘာတွေကို အဲ့လောက်တောင်စဉ်းစားနေတာလဲ"
ကိုမင်း ရဲ့စကားကြောင့် နန်းညို၏အတွေးပြတ်သွားခဲ့သည်။ နန်းညိုလဲ ဘာမှဆက်မတွေးတော့ဘဲ စိတ်ထဲဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည်။
"ဘာမှမဟုတ်ဘူး ကိုမင်းရဲ့ ဒီတိုင်းဟိုတွေးဒီတွေးပေါ့ ဟို.... ကားဆရာ..."
"ဟုတ်...... အမ"
"ဒီမြို့ရဲ့ အကြီးဆုံးရွှေဆိုင်ပိုင်ရှင် ဒေါ်ခင်မာယာရဲ့အိမ်ကိုသိလား"
"အော်..... သိတာပေါ့ အမရယ် ဒီမြို့မျက်နှာဖုံးသူဌေးတွေပဲဟာကို"
"သိရင် ကျွန်မတို့ကို အဲ့ဒီကိုအရင်ပို့ပေးပါလား အဲ့ဒီကကိစ္စပြီးမှ ကျွန်မတို့ သွားမဲ့နေရာကိုဆက်သွားကြတာပေါ့"
"ဟုတ်..... ရပါတယ်"
ကိုမင်းသည် သူ(မ)(နန်းညို)၏စကားကြောင့် အနည်းငယ်တွေဝေသွားပုံပင်။ ဘာကြောင့်အဲ့ဒီကို သွားရလဲလို့တွေးနေသည့်ပုံပင်။ သူ(မ)လဲ ကိုမင်းကို ဘာမှမရှင်းပြနေတော့ပေ။ ဟိုရောက်ရင်လဲ အကြောင်းအရင်းကို ကိုမင်းသိရမှာပဲမဟုတ်လား။
နန်းညိုတိုစီးလာသောကားသည် နှစ်ထပ်တိုက်အိမ်ကြီးတစ်ခု၏ ခြံရှေ့တွင်ရပ်လိုက်လေသည်။ သူ(မ)လဲ ဒါဟာဒေါ်ခင်မာယာရဲ့အိမ်ဖြစ်ကြောင်း ချက်ချင်းပင်သိလိုက်သည်။ သူ(မ)လဲဘာမှမစဉ်းစားနေတော့ဘဲ ယူလာတဲ့ တစ်ခုတည်းသောလက်ဆွဲအိတ်အဖြူရောင်ကိုပဲယူကာ ကားပေါ်ကနေဆင်းလိုက်သည်။
နန်းညိုလဲ အိမ်ကြီးကိုအကဲခတ်မိသည်။ ခြံကလဲ တစ်မြို့လုံးမှာ အကျယ်ဆုံးဟုလို့တောင်ပြောနိုင်သည်။ ဒီမိသားစုရဲ့ပိုင်ဆိုင်မှုတွေသည် ဘယ်လောက်များလဲတော့ သူ(မ)မသိ ဒါပေမယ့် အိမ်၏အပြင်ပိုင်းကိုကြည့်လိုက်ယုံနဲ့ ချမ်းသာသည့်အရှိန်အဝါတွေကိုတွေ့မြင်နိုင်သည်။"နန်း ဒီကိုဘာကိစ္စကြောင့်လာတာလဲ"
မင်းဟန်သည် နားမလည်နိုင်သဖြင့် နန်းညိုကို မေးလိုက်သည်။ သားကိစ္စတွင် ပါဝင်နေသော ပန်းဝတ်မှုံဆိုသည့် ကလေးမသည် ဒေါ်ခင်မာယာ၏သမီးမှန်းသူသိသောလည်း အခုအခါက ဒီကိုလာစရာအကြောင်းမရှိတာပင်။

YOU ARE READING
အမုန်းများကြားမှ အချစ်ပန်း
Action[Ongoing] Type - BL Genre - Drama, Revenge Main characters - မင်းဧကရာဇ် ♡ လရောင်