အပိုင်း ၁၂

182 13 0
                                    

Unicode

"ပြီးတော့ သူ့ရဲ့နာမည်က လနဲ့ပက်သက်တဲ့နာမည်ပဲ၊ သူရဲ့နာမည်က......"

လရောင်သည် နောက်ထပ်ထွက်လာမည့်စကားအားမျှော်လင့်နေသည်။ ထိုအချိန်မှာပင် သူ့အားခေါ်လိုက်သည့်အသံကြောင့် စကားပြောပြတ်သွားတော့သည်။

"လရောင်...."

"ဘာလဲ နဒီ"

လရောင်၏ အမေးကို နဒီလဲ မြန်မြန်ပဲ‌‌ပြောပြလိုက်တော့သည်။ ဘေးနားရှိ မင်းဧကရာဇ်ကတော့ မျက်နှာကြီးဆူပုတ်နေလေတော့သည်။

"နင့်ကို ဥက္ကဋ္ဌကခေါ်ခိုင်းလိုက်လို့လာခေါ်တာ"

"အော်..... အေအေ ငါသွားလိုက်မယ်"

လရောင်လဲ ထိုင်ခုံတန်းမှထကာ ဆေးရုံထဲသို့ဝင်သွားတော့သည်။ ခြေထောက်ဒဏ်ရာက သိပ့်မနာတော့တဲ့အတွက် ဘယ်သူ့အကူအညီကိုမှမယူဘဲ သူ့ဘာသာသူသာ ဆေးရုံထဲသို့ဝင်သွားတော့သည်။
နဒီလဲ ဆေးရုံထဲသို့ဝင်မည်အလုပ် ထိုင်ခုံတန်းမှာ မျက်နှာပုတ်ပုတ်ဖြင့်ထိုင်နေသော မင်းဧကရာဇ်အား ဆေးရုံအထဲသို့ပြန်ဝင်ရန် ခေါ်ရပြန်သည်။

"ဟဲ့ ဟိုအကောင်"

"ဘာလဲ....!!!"

"အမယ် အမယ် အမကိုပြန်ပြောနေပုံကိုက"

"ဘာအမလဲ အသက်တစ်နှစ်လေးကွာတာကို သူ့ကိုသူ အမလုပ်ချင်နေသေးတယ်"

"အောင်မာ ပြန်ပြောနေပုံကိုက၊ နင်အဲ့ဒီမှာပဲ နေနေတော့မလို့လား အဲ့မှာနင့်တစ်ယောက်ထဲပဲ ကျန်တာနော်"

နဒီရဲ့စကားကြောင့် သူ(မင်းဧကရာဇ်)သည် ဘေးနားဝန်းကျင်ကိုလိုက်ကြည့်တော့သည်။ ပန်းခြံတစ်ခြံလုံးတွင် သူနှင့်အ‌စ်မနဒီမှလွဲ၍ မည်သူမှမရှိပေ။

"အေးအဲ့မာ နင့်ကို သရဲလာဆွဲမှ လာမကယ်ခိုင်းနဲ့၊ ငါတော့အထဲဝင်ပြီး"

မင်းဧကရာဇ်လဲ သရဲဆိုတော့စကားကြောင့် ကြောက်စိတ်များဝင်လာတော့သည်။ သူသည် တခြားအရာတွေကို လွယ်လွယ်နဲ့မကြောက်တတ်ပေမယ့် အဲ့ထဲမှာတော့ သရဲမပါ။ သူသည် သရဲဆိုရင် တုန်နေအောင်ကို ကြောက်ပါသည်။ သူလဲ ဒီမှာဆက်မထိုင်ချင်တော့ဘဲ အစ်မနဒီနောက်အားပြေးလိုက်တော့သည်။

အမုန်းများကြားမှ အချစ်ပန်းWhere stories live. Discover now